Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 10:2

Judson Bible

ယာ​ဖက်၏​သား​ကား ဂေါ​မာ၊ မာ​ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗ​လ၊ မေ​ရှက်၊ ထိ​ရတ်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ရေ​လွှမ်း​မိုး​သော​နောက်၊ နော​ဧ​သား ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တို့​မှ​ဆင်း​သက်​သော သား​စဉ်​မြေး​ဆက်​တို့​ကို ဆို​ပေ​အံ့။

ယာ​ဖက်​ညီ၊ ဟေ​ဗြဲ​လူ​အ​ပေါင်း​တို့၏​အ​ဘ၊ ရှေ​မ​သည်​လည်း သား​များ​ကို​မြင်​လေ​၏။

ဘု​ရား​သ​ခင်​သည် ယာ​ဖက်​ကို​ကျယ်​စေ​တော်​မူ​သ​ဖြင့်၊ ရှေ​မ၏​တဲ​တို့​တွင် နေ​ပါ​စေ။ ခါ​နာန်​မူ​ကား၊ သူ၏​ကျွန်​ဖြစ်​ပါ​စေ​ဟု ဆို​လေ၏။

ဟော​ရှေ​နန်း​စံ​ကိုး​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​ရ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အာ​ရှု​ရိ​ပြည်​သို့​သိမ်း​သွား၍ ဂေါ​ဇန်​မြစ်​နား၊ ဟာ​လ​မြို့၊ ဟာ​ဗော်​မြို့​အ​စ​ရှိ​သော မေ​ဒိ​နိုင်​ငံ​မြို့​ရွာ​တို့၌​ထား၏။

ငါ​သည် မေ​ရှက်​ပြည်၌ တည်း​ခို၍၊ ကေ​ဒါ​တဲ၌​နေ​ရ​သည်​အ​ရာ​မှာ အ​မင်္ဂ​လာ​ရှိ၏။

ထို​သူ​တို့​တွင် အ​လံ​ကို ငါ​ထူ​မည်။ ဘေး​လွတ်​သော သူ​တို့​ကို တာ​ရှု​ပြည်၊ ဖု​လ​ပြည်၊ လေး​လက်​နက်​ကို သုံး​တတ်​သော လု​ဒ​ပြည်၊ တု​ဗ​လ​ပြည်၊ ယာ​ဝန်​ပြည်​မှ​စ၍၊ ငါ၏​နာ​မ​ကို​မ​ကြား၊ ငါ၏​ဘုန်း​ကို မ​မြင်၊ ဝေး​စွာ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​သို့ စေ​လွှတ်​သ​ဖြင့်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​ဘုန်း​ကို ဟော​ပြော​ကြ​လိမ့်​မည်။

ဝေ​ဒန်​မြို့​နှင့် ယာ​ဝန်​ပြည် ဥ​ဇာ​လ​မြို့​သည်​လည်း သံ​ပြောင်​ကို သင့်​ဝိုင်း​သို့​ယူ​ခဲ့၍၊ သင့်​ဈေး၌ သစ်​ကြံ​ပိုး​နှင့် ကြံ​လည်း​ရှိ၏။

အဲ​ဂု​တ္တု​ပြည်၌ ချယ်​လှယ်​သော ပိတ်​ချော​ရွက်​တို့​ကို​ဖြန့်၍၊ ဧ​လိ​ရှ​ကျွန်း​တို့​မှ ယူ​ခဲ့​သော အ​ထည်​ပြာ၊ အ​ထည်​မောင်း​ဖြင့်​လုပ်​သော မျက်​နှာ​ကြက်​နှင့် ပြည့်​စုံ၏။

ထို​အ​ရပ်၌ မိ​မိ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​နှင့်​အ​တူ မေ​ရှက်​လည်း​ရှိ၏။ တု​ဗ​လ​လည်း​ရှိ၏။ သင်္ချိုင်း​တွင်း​တို့​သည် ပတ်​လည်၌ ရှိ​ကြ၏။ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း ထို​သူ​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်၍ ဓား​ဖြင့် သေ​လျက်​နေ​ကြ၏။

မြင်း​စီး​သော​သူ အ​လုံး​အ​ရင်း​အ​ပေါင်း၊ အား​ကြီး​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ မြောက်​မျက်​နှာ​မှ​ချီ​လာ​မည်။

အ​ချင်း​လူ​သား၊ ရော​ရှ​ပြည်၊ မေ​ရှက်​ပြည်၊ တု​ဗ​လ​ပြည်​ကို အ​စိုး​ရ​သော မာ​ဂေါ​ဂ​ပြည်​သား ဂေါ​ဂ​မင်း​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊

ဂေါ​မာ​နှင့် သူ၏​တပ်​များ၊ မြောက်​ပြည်​သား တော​ဂါ​မ​အ​မျိုး​နှင့် သူ၏​တပ်​များ အ​လုံး​အ​ရင်း အ​ပေါင်း​တို့​သည် သင်​နှင့်​အ​တူ လိုက်​လာ​ကြ​လိမ့်​မည်။

သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ဂေါ​ဂ​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ရော​ရှ၊ မေ​ရှက်၊ တု​ဗ​လ​ပြည်​တို့​ကို အ​စိုး​ရ​သော အို ဂေါ​ဂ​မင်း၊ ငါ​သည်​သင့်​တစ်​ဖက်၌​နေ၏။

အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​သော​ဂေါ​ဂ၊ မာ​ဂေါ​ဂ​တည်း​ဟူ​သော မြေ​ကြီး လေး​မျက်​နှာ​ပေါ်​မှာ​နေ​သော လူ​အ​မျိုး​မျိုး​တို့​ကို လှည့်​ဖြား​အံ့​သော​ငှာ​လည်း​ကောင်း၊ စစ်​တိုက်​ဖို့ စည်း​ဝေး​စေ​ခြင်း​ငှာ​လည်း​ကောင်း တက်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ