ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှဆင်းသက်သော သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။
ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ်တည်း။
ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောနေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့် မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။
အာဒံ၏သားစဉ်မြေးဆက် စာရင်းဟူမူကား၊ လူကိုဖန်ဆင်းတော်မူသောကာလ၌၊ မိမိပုံသဏ္ဌာန်နှင့်အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။
နောဧသည် အသက်ငါးရာရှိ၏။ နောဧသားကား၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း။
နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။
ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သားတို့ကိုကောင်းချီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာမွေးဖွားလျက် မြေကြီးကိုပြည့်စေကြလော့။
ဤသူတို့သည် နောဧ၏သားသုံးယောက်ဖြစ်၍ မြေကြီးတစ်ပြင်လုံး၌ နှံ့ပြားကြ၏။
အသက်ပေါင်းကိုးရာငါးဆယ်စေ့သော် အနိစ္စရောက်လေ၏။
သင်တို့သည် သားကိုဖွား၍ များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဖွား၍ များပြားကြလော့ဟု မိန့်တော်မူ၏။
အာဒံ၊ ရှေသ၊ ဧနုတ်၊
နောဧ၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း။
အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းဟူမူကား၊-