Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 9:14

Common Language Bible

ထို​နောက်​ယေ​ဟု​သည်​ယော​ရံ​မင်း​အား​လုပ် ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ ထို​အ​ခါ မင်း​ကြီး​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​နှင့်​ရာ မုတ်​မြို့​တွင်​တိုက်​ပွဲ​ဖြစ်​ရာ​မှ ရ​ရှိ​ခဲ့​သည့် ဒဏ်​ရာ​များ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့ သို့​သွား​နှင့်​ပြီ။ သို့​ဖြစ်​၍​ယေ​ဟု​က​မိ​မိ ၏​အ​ဖော်​တပ်​မှူး​တို့​အား``သင်​တို့​သည်​ငါ ၏​ဘက်​တော်​သား​များ​ဖြစ်​ပါ​လျှင် ယေ​ဇ ရေ​လ​မြို့​သား​တို့​အား​ကြို​တင်​သ​တိ​ပေး ရန်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရာ​မုတ်​မြို့ မှ​မ​ထွက်​ပါ​စေ​နှင့်'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

နာ​ဒဒ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည်​ဖိ​လိတ္တိ​ပြည် ဂိ​ဗေ​သုန်​မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​စဉ် ယု​ဒ​ဘု​ရင် အာ​သ​နန်း​စံ​သုံး​နှစ်​တွင် ဣ​သ​ခါ​သား​ချင်း​စု ဝင်​အ​ဟိ​ယ​၏​သား​ဗာ​ရှာ​သည် နာ​ဒဒ်​ကို​လျှို့​ဝှက် ကြံ​စည်​ကာ​လုပ်​ကြံ​လိုက်​လေ​သည်။ သို့​ဖြစ်​၍ ဗာ​ရှာ​သည်​နာ​ဒဒ်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-

သူ​တို့​သည်​မင်း​ကြီး​အား​ဇိ​မ​ရိ​လျှို့​ဝှက် လုပ်​ကြံ​သည့်​သ​တင်း​ကို​ကြား​သော​အ​ခါ ချက်​ချင်း​ထို​အ​ရပ်​၌​ပင်​မိ​မိ​တို့​၏​ဗိုလ်​ချုပ် သြ​မ​ရိ​ကို​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​မင်း မြှောက်​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။

ဘု​ရင့်​ရ​ထား​တပ်​ခွဲ​မှူး​ဇိ​မ​ရိ​ဆို​သူ​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ တစ်​နေ့​သ​၌​မင်း​ကြီး​သည်​တိ​ရ​ဇ​မြို့​ရှိ​နန်း တော်​အုပ်​အာ​ဇ​၏​အိမ်​တွင်​သောက်​စား​မူး​ယစ် လျက်​နေ​စဉ်၊-

အာ​ဟပ်​သည်​မိ​မိ​၏​မှူး​မတ်​တို့​အား``ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​ကို​ရှု​ရိ​ဘု​ရင်​ထံ​မှ​ပြန် လည်​ရ​ရှိ​ရန် အ​ဘယ်​ကြောင့်​မည်​သို့​မျှ​မ​ပြု​ဘဲ နေ​ကြ​ပါ​သ​နည်း။ ထို​မြို့​ကို​ငါ​တို့​ပိုင်​သည် မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော်​မူ​၏။-

နံ​နက်​ရောက်​သော​အ​ခါ​ယေ​ဟု​သည် မြို့ တံ​ခါး​သို့​သွား​၍​ရောက်​ရှိ​နေ​သည့်​လူ​တို့ အား``ယော​ရံ​မင်း​ကို​လုပ်​ကြံ​ခဲ့​သူ​မှာ​ငါ ပင်​ဖြစ်​၏။ ထို​အ​မှု​အ​တွက်​သင်​တို့​တွင် တာ​ဝန်​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဤ​သူ​တို့​ကို သတ်​သော​သူ​ကား​အ​ဘယ်​သူ​ဖြစ်​ပါ သ​နည်း။-

သြ​ဇိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​သံ​၏​နန်း​စံ အ​နှစ်​နှစ်​ဆယ်​မြောက်​၌​ဧ​လာ​၏​သား​ဟော​ရှေ သည် လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​ကာ​မင်း​ကို​လုပ် ကြံ​ပြီး​လျှင် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-

ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ​နှင့်​ရှု​ရိ​ဘု​ရင် ဟာ​ဇေ​လ​တို့​စစ်​ဖြစ်​ကြ​သော​အ​ခါ အာ​ခ​ဇိ က​ယော​ရံ​၏​ဘက်​မှ​ဝင်​၍​တိုက်​ခိုက်​လေ​သည်။ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​တွင် တိုက်​ပွဲ​ဖြစ်​ပွား​ရာ ယော​ရံ​သည်​ဒဏ်​ရာ​များ​ရ​ရှိ​သ​ဖြင့်၊-

အ​နာ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့​သို့​ပြန် လေ​၏။ အာ​ခ​ဇိ​သည်​လည်း​သူ့​ကို​ကြည့်​ရှု​ရန် ထို​မြို့​သို့​သွား​လေ​၏။

နိမ်​ရှိ​၏​မြေး၊ ယေ​ဟော​ရှ​ဖတ်​၏​သား​ယေ​ဟု ကို​ရှာ​လော့။ သူ့​ကို​အ​ဖော်​များ​ရှိ​ရာ​မှ​ဝေး ရာ​ဆိတ်​ကွယ်​သည့်​အ​ခန်း​သို့​ခေါ်​ပြီး​လျှင်၊-

ယေ​ဟု​သည်​နန်း​တော်​ဝင်​တံ​ခါး​ဝ​ကို​ဝင်​၍ လာ​သော​အ​ခါ ယေ​ဇ​ဗေ​လ​သည်​ယေ​ဟု အား``ကိုယ့်​သ​ခင်​ကို​သတ်​သော​အ​ချင်း ဇိ​မ​ရိ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​ရပ်​သို့​လာ သ​နည်း'' ဟု​ဟစ်​အော်​၍​ပြော​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ