Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 9:13

Common Language Bible

ချက်​ချင်း​ပင်​ယေ​ဟု​၏​အ​ဖော်​ဗိုလ်​မှူး​တို့​သည် လှေ​ကား​ထိပ်​ပေါ်​တွင်​ယေ​ဟု​နင်း​ရန် မိ​မိ​တို့​၏ ဝတ်​လုံ​များ​ကို​ဖြန့်​ခင်း​ပြီး​လျှင်​တံ​ပိုး​ခ​ရာ မှုတ်​၍``ယေ​ဟု​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု ကြွေး​ကြော်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သူ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ သ​မျှ​တို့​ထံ​သို့​စေ​တ​မန်​များ​လွှတ်​ပြီး လျှင်``သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​မှုတ် သံ​ကို​ကြား​သော​အ​ခါ``အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့​တွင်​နန်း​တက်​တော်​မူ​ပြီ' ဟု ကြွေး​ကြော်​ကြ​လော့'' ဟု​မှာ​ကြား​ထား လေ​သည်။-

ယ​နေ့​ပင်​လျှင်​သူ​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ်​များ​ကို​ယဇ် ပူ​ဇော်​ပါ​၏။ သူ​သည်​အ​ရှင့်​သား​တော်​အ​ပေါင်း နှင့်​တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​ကို​ခေါ်​ဖိတ်​သ​ဖြင့် ယ​ခု အ​ချိန်​၌​သူ​တို့​သည်​အ​ဒေါ​နိ​ယ​နှင့်​အ​တူ စား​သောက်​ကာ`အ​ဒေါ​နိ​ယ​မင်း​သက်​တော် ရှည်​ပါ​စေ​သော်' ဟု​ကြွေး​ကြော်​လျက်​နေ ကြ​ပါ​၏။-

ထို​အ​ရပ်​တွင်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​သူ့​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဘိ​သိက်​ပေး​ကြ စေ။ ထို့​နောက်​တံ​ပိုး​ခ​ရာ​မှုတ်​၍`ရှော​လ​မုန်​မင်း သက်​တော်​ရှည်​ပါ​စေ​သော' ဟု​ကြွေး​ကြော်​ကြ လော့။-

ဇာ​ဒုတ်​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​မှ မိ​မိ​ဆောင်​ခဲ့​သော​သံ​လွင်​ဆီ​ဘူး​ကို​ယူ​၍ ရှော​လ​မုန်​အား​ဘိ​သိက်​ပေး​လေ​သည်။ ထို့​နောက် တံပိုး​ခ​ရာ​မှုတ်​လိုက်​သော​အ​ခါ လူ​အ​ပေါင်း တို့​သည်``ရှော​လ​မုန်​မင်း​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြွေး​ကြော်​ကြ​၏။-

ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ​သ​ရ​ဖူ​ကို​ဆောင်း​စေ​ပြီး လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​၏။ ထို့​နောက်​သူ့​အား​ဘိ​သိက်​ပေး​၍ ဘု​ရင် ဖြစ်​ကြောင်း​ကြေ​ညာ​လေ​သည်။ လူ​တို့​သည် လည်း​လက်​ခုပ်​တီး​လျက်``မင်း​ကြီး​သက် တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​ကုန်​၏။

ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​တိုင်​အ​နီး​၌ ယု​ဒ မင်း​တို့​ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​ရပ် လျက်​နေ​သော​ဘု​ရင်​သစ်​ကို​လည်း​ကောင်း၊ တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ သည် မင်း​ကြီး​ကို​ခြံ​ရံ​လျက်​လူ​အ​ပေါင်း တို့​က​လည်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး ကြော်​လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် မိ​မိ​၏​အ​ဝတ်​ကို​ဆုတ်​လျက်``ပုန်​ကန်​မှု ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား'' ဟု အော်​ဟစ်​၏။

ထို​သူ​တို့​က``ငါ​တို့​မ​သိ​ပါ။ သူ​ပြော​သည့် စ​ကား​ကို​ငါ​တို့​သိ​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။ ယေ​ဟု​က``ထို​သူ​သည်​ငါ့​အား`သင့်​ကို​ဣ​သ ရေ​လ​ဘု​ရင်​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​ပြီ' ဟု​ပြော​ပါ​သည်'' ဟူ​၍​ပြန် ပြော​လေ​၏။

တံ​ပိုး​ခ​ရာ​နှင့်​နှဲ​တို့​ကို​မှုတ်​၍​ငါ​တို့​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​လော့။

ကိုယ်​တော်​မြည်း​စီး​၍​ကြွ​တော်​မူ​စဉ်​လူ​တို့ သည် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို​လမ်း​ပေါ်​မှာ ဖြန့်​ခင်း​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ