ထိုနောက်မိမိ၏ခင်ပွန်းကိုခေါ်၍``ပရောဖက် ဧလိရှဲထံသို့ကျွန်မသွားရပါမည်။ အစေခံ တစ်ယောက်နှင့်မြည်းတစ်ကောင်ကိုကျွန်မထံ သို့စေလွှတ်ပေးပါ'' ဟုပြော၏။
ထို့ကြောင့်မိခင်သည်သူ့ကိုဧလိရှဲ၏အခန်း သို့ပွေ့ချီကာ ကုတင်ပေါ်မှာတင်ပြီးနောက် တံခါးကိုပိတ်ထား၏။-
ခင်ပွန်းဖြစ်သူက``အဘယ်ကြောင့်ယနေ့သွား လိုပါသနည်း။ ယနေ့သည်ဥပုသ်နေ့မဟုတ်။ လဆန်းပွဲနေ့လည်းမဟုတ်'' ဟုဆို၏။ ဇနီးဖြစ်သူက``ယင်းသို့ပင်မဟုတ်သော်လည်း ကိစ္စမရှိပါ'' ဟုပြန်ပြော၏။-
ထိုနောက်သူသည်မြည်းကိုကုန်းနှီးတင်စေပြီး လျှင် အစေခံအား``မြည်းကိုအမြန်ဆုံးမောင်း နှင်ပေးပါ။ ငါအမိန့်မပေးဘဲအသွားမနှေး စေနှင့်'' ဟုမှာကြားထား၏။-
သူ့ထံသို့အလျင်အမြန်သွား၍`ကိုယ်တိုင်မာ ၏လော၊ ခင်ပွန်းမာ၏လော၊ သားငယ်မာ၏လော၊' ဟုမေးမြန်းလော့'' ဟုဆို၏။ အမျိုးသမီးသည်ဂေဟာဇိအား``ကျန်းမာပါ သည်'' ဟုပြန်ပြော၏။-
ညီအစ်မနှစ်ယောက်တို့က ``အရှင်၊ အရှင် ချစ်တော်မူသောသူသည်ဖျားနာလျက်နေ ပါ၏'' ဟုသခင်ယေရှုထံသို့သတင်းပေး ပို့လိုက်ကြ၏။
လုဒ္ဒမြို့သည်ယုပ္ပေမြို့အနီးတွင်ရှိသဖြင့်ထို မြို့တွင်ပေတရုရှိကြောင်း တပည့်တော်တို့ကြား သိကြသောအခါ ``အကျွန်ုပ်တို့ထံသို့အလျင် အမြန်ကြွလာတော်မူပါ'' ဟူသောပန်ကြား ချက်ဖြင့်လူနှစ်ယောက်ကိုပေတရုထံသို့စေ လွှတ်လိုက်ကြ၏။-