ထို့ကြောင့်မိခင်သည်သူ့ကိုဧလိရှဲ၏အခန်း သို့ပွေ့ချီကာ ကုတင်ပေါ်မှာတင်ပြီးနောက် တံခါးကိုပိတ်ထား၏။-
ဧလိယက``သင်၏သားကိုငါ့အားပေးလော့'' ဟုဆိုကာမုဆိုးမ၏လက်မှသူငယ်ကိုယူ၍ မိမိတည်းခိုရာအထက်ခန်းသို့ပွေ့ချီသွား ပြီးလျှင် အိပ်ရာပေါ်တွင်ချထားလိုက်၏။-
ကျွန်မတို့သည်အိမ်မိုးပေါ်တွင် အခန်းငယ်ကိုပြု လုပ်၍ကုတင်၊ စားပွဲ၊ ကုလားထိုင်နှင့်မီးခွက်တို့ ကိုထားလျှင် ထိုသူသည်ကျွန်မတို့ထံသို့ရောက် ရှိလာသည့်အခါတိုင်း ထိုအခန်းတွင်တည်းခို နိုင်ပါလိမ့်မည်'' ဟုပြော၏။
အစေခံသည်လည်းသူငယ်ကိုချီ၍ သူ၏မိခင် ထံသို့ပို့၏။ မိခင်သည်သားငယ်ကိုမွန်းတည့်ချိန် တိုင်အောင် မိမိ၏ပေါင်ပေါ်တွင်တင်ထား၏။ ထို အချိန်၌သူငယ်သေဆုံးသွားလေသည်။-
ထိုနောက်မိမိ၏ခင်ပွန်းကိုခေါ်၍``ပရောဖက် ဧလိရှဲထံသို့ကျွန်မသွားရပါမည်။ အစေခံ တစ်ယောက်နှင့်မြည်းတစ်ကောင်ကိုကျွန်မထံ သို့စေလွှတ်ပေးပါ'' ဟုပြော၏။
ဧလိရှဲသည်အိမ်သို့ရောက်သောအခါတစ်ကိုယ် တည်းအခန်းထဲသို့ဝင်၍ ကုတင်ပေါ်တွင်သေနေ သောသူငယ်ကိုတွေ့လေ၏။-
မုဆိုးမသည်ပရောဖက်ဧလိရှဲထံသို့ပြန် လာသောအခါ ပရောဖက်က``ဆီကိုရောင်းချ၍ အကြွေးရှိသမျှကိုဆပ်ပြီးနောက် ကျန်ငွေဖြင့် သင်နှင့်သားများအသက်မွေးကြလော့'' ဟု ပြော၏။