Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 3:14

Common Language Bible

ဧ​လိ​ရှဲ​က``ငါ​ကိုး​ကွယ်​လျက်​နေ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း​အ​ကယ်​၍​ငါ​သည်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​၏​မျက်​နှာ​တော်​ကို​သာ​မ​ထောက် ခဲ့​သော်​သင့်​အား​လှည့်​၍​ပင်​ကြည့်​မည်​မ​ဟုတ် ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။

ဧ​လိ​ယ​က``ငါ​သည်​ယ​နေ့​မင်း​ကြီး​၏​ရှေ့​တော် သို့​ဝင်​မည်​ဖြစ်​ကြောင်း ငါ​ကိုး​ကွယ်​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​၍ က​တိ​ပြု​ပါ​၏'' ဟု​ဆို​၏။

အာ​ဟပ်​သည်​ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ``ငါ ၏​ရန်​သူ၊ သင်​သည်​ငါ့​ကို​တွေ့​ပြီ​လော'' ဟု မေး​၏။ ဧ​လိ​ယ​က​လည်း``တွေ့​ပြီ။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​မျက်​နှာ​တော်​တွင်​ဒု​စ​ရိုက်​ကို သာ​ပြု​လို​၏။-

ဧ​လိ​ရှဲ​က``ငါ​သည်​လက်​ဆောင်​ကို​လက်​ခံ​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​ပြော​၏'' ဟု ဆို​၏။ နေ​မန်​သည်​ဧ​လိ​ရှဲ​အား​လက်​ဆောင်​ကို​လက်​ခံ ပါ​ရန် အ​ကြိမ်​ကြိမ်​တိုက်​တွန်း​သော်​လည်း​ဧ​လိ​ရှဲ သည်​လက်​မ​ခံ​ဘဲ​နေ​၏။-

သူ​သည်​ဘု​ရား​သ​ခင်​ပစ်​ပယ်​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့်​တတ်​၏။ အ​ဘယ်​မျှ​ပင်​မိ​မိ​၏​အ​ကျိုး​ထိ​ခိုက်​နစ်​နာ စေ​ကာ​မူ မိ​မိ​၏​က​တိ​များ​အ​တိုင်း​အ​စဉ်​ပြု​တတ်​၏။

ယေ​ရ​မိ၊ နား​ထောင်​လော့။ ဤ​နိုင်​ငံ​ရှိ​လူ​အ​ပေါင်း တို့​ဖြစ်​သည့်​ယု​ဒ​ဘု​ရင်​များ၊ မှူး​မတ်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​များ​သည် သင့်​ကို အ​တိုက်​အ​ခံ​ပြု​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ တို့​ကို​ခု​ခံ​နိုင်​စွမ်း​ရှိ​အောင် သင့်​ကို​ယ​နေ့​ငါ ပြု​မည်။ သင်​သည်​ခံ​တပ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ သံ​တိုင်​နှင့်​ကြေး​ဝါ​နံ​ရံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​မည်။ သို့​ဖြစ်​၍​သူ​တို့ သည်​သင့်​အား​နှိမ်​နင်း​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​မိ​မိ​တို့​၏​တ​ပည့်​များ​ကို​ဟေ​ရုဒ် ၏​ပါ​တီ​ဝင်​အ​ချို့​နှင့်​အ​တူ​အ​ထံ​တော်​သို့ စေ​လွှတ်​ပြီး​လျှင် ``ဆ​ရာ​တော်၊ အ​ရှင်​သည်​သစ္စာ ရှိ​တော်​မူ​၍​ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော်​မူ​ပါ​၏။ လူ တို့​အ​ဘယ်​သို့​ထင်​မြင်​ကြ​သည်​ကို​အ​မှု​မ ထား​ပါ။ လူ့​မျက်​နှာ​ကို​လည်း​ထောက်​တော်​မ​မူ​ပါ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ