Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 3:13

Common Language Bible

ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``အ​ဘယ် ကြောင့်​သင့်​အား ငါ​ကူ​ညီ​ရ​ပါ​မည်​နည်း။ သင် ၏​ခ​မည်း​တော်၊ မယ်​တော်​တို့​၏​အ​တိုင်​ပင်​ခံ ပ​ရော​ဖက်​များ​ထံ​သို့​သွား​၍​တိုင်​ပင်​ပါ​လော့'' ဟု​ဆို​၏။ ယော​ရံ​က``ဤ​သို့​မ​ဆို​ပါ​နှင့်။ ငါ​တို့​မင်း​သုံး ပါး​ကို မော​ဘ​ဘု​ရင်​၏​လက်​သို့​အပ်​တော်​မူ သော​အ​ရှင်​မှာ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော် မူ​ပါ​၏'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မု​ဆိုး​မ​သည်​ဧလိယ​အား``အို ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ၊ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​မ အား​ဤ​သို့​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ရှင် သည်​ကျွန်​မ​၏​သား​သေ​ရ​အောင်​ဘု​ရား​သ​ခင်​အား ကျွန်​မ​၏​အ​ပြစ်​များ​ကို​ပြန် လည်​သ​တိ​ပေး​ရန်​အ​တွက် ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဆို​၏။

ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​က​ရ မေ​လ​တောင်​ထိပ်​တွင်​ငါ​နှင့်​တွေ့​ဆုံ​ကြ​ရန် အ​မိန့်​ပေး​ပါ​လော့။ ယေ​ဇ​ဗေ​လ​မိ​ဖု​ရား ထောက်​ပံ့​ကျွေး​မွေး​ထား​သည့်​ဗာ​လ​ပ​ရော​ဖက် လေး​ရာ့​ငါး​ဆယ်​နှင့်​အာ​ရှ​ရ​ဘု​ရား​မ​၏ ပ​ရော​ဖက်​လေး​ရာ​တို့​ကို​လည်း​ခေါ်​ဖိတ်​ပါ လော့'' ဟု​ပြန်​ပြော​၏။

သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

ယော​ရံ​မင်း​က``ငါ​တို့​အ​ခက်​ကြုံ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​မင်း​သုံး​ပါး​ကို​မော​ဘ​ဘု​ရင် ၏​လက်​သို့​အပ်​တော်​မူ​လေ​ပြီ​တ​ကား'' ဟု​ဆို​၏။

ယော​ရှ​ဖတ်​မင်း​က``ထို​သူ​သည်​ပ​ရော​ဖက်​အ​စစ် အ​မှန်​ဖြစ်​ပေ​သည်'' ဟု​ဆို​သ​ဖြင့်​မင်း​သုံး​ပါး တို့​သည်​ဧ​လိ​ရှဲ​ထံ​သို့​သွား​ကြ​၏။

ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။

ဗာ​ဗု​လုန်​ဘု​ရင်​သည်​အ​ရှင့်​ကို​သော်​လည်း​ကောင်း၊ ဤ​ပြည်​ကို​သော်​လည်း​ကောင်း​တိုက်​ခိုက်​လိမ့်​မည် မ​ဟုတ်​ဟု ဟော​ပြော​ခဲ့​ကြ​သည့်​အရှင်​၏​ပ​ရော ဖက်​များ​ကား​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။-

လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ပြန်​ကြ စို့၊ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​နာ​တ​ရ ဖြစ်​စေ​သော်​လည်း အ​နာ​ပျောက်​ကင်း​အောင် ကု​သ​တော်​မူ​မည်။ ဒဏ်​ရာ​ရ​စေ​သော်​လည်း အ​နာ​ကို​ပတ်​စည်း​တော်​မူ​မည်။-

ထို​သူ​တို့​က ``ဘု​ရား​သ​ခင်​၏​သား​တော်၊ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ သ​နည်း။ အ​ချိန်​မ​ကျ​မီ​အ​ကျွန်ုပ်​တို့​အား​ဒဏ် ခတ်​ရန်​ဤ​အ​ရပ်​သို့​ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။

သ​ခင်​ယေ​ရှု​က ``မယ်​တော်၊ အ​ဘယ်​အ​မှု​ပြု ရ​မည်​ကို​အ​ကျွန်ုပ်​အား​မ​ပြော​ပါ​နှင့်။ အ​ကျွန်ုပ် လုပ်​ဆောင်​ရန်​အ​ချိန်​မ​ကျ​သေး​ပါ'' ဟု​မိန့်​တော် မူ​၏။

သို့​ဖြစ်​၍​ငါ​တို့​သည်​ယ​ခု​မှ​စ​၍​အ​ဘယ်​သူ ကို​မျှ​လူ​တို့​စံ​နှုန်း​အ​ရ​အ​ကဲ​မ​ဖြတ်​ကြ တော့​ပေ။ ယ​ခင်​အ​ခါ​က​ခ​ရစ်​တော်​အား​လူ တို့​စံ​နှုန်း​အ​ရ ငါ​တို့​အ​ကဲ​ဖြတ်​ခဲ့​ကြ​သော် လည်း​ယ​ခု​အ​ခါ​၌​ထို​သို့​မ​ပြု​တော့​ပြီ။-

ခ​ရစ်​တော်​သည်​စာ​တန်​နှင့်​အ​ဘယ်​သို့​သ​ဘော တူ​နိုင်​ပါ​အံ့​နည်း။ ယုံ​ကြည်​သူ​သည်​မ​ယုံ ကြည်​သူ​နှင့်​အ​ဘယ်​သို့​တူ​ညီ​မှု​ရှိ​နိုင်​ပါ မည်​နည်း။-

သင်​တို့​ရွေး​ချယ်​ထား​သည့်​အ​ခြား​ဘု​ရား များ​ထံ​သို့​သွား​၍​အော်​ဟစ်​ကြ​လော့။ သင် တို့​ဒုက္ခ​ရောက်​ရာ​ကာ​လ​၌​ထို​ဘု​ရား​တို့ သည်​သင်​တို့​အား​ကယ်​ဆယ်​ပါ​လေ​စေ။''

သို့​ဖြစ်​၍​နော​မိ​က``ရု​သ၊ သင့်​အစ်​မ​သည် မိ​မိ​အ​မျိုး​သား​များ၊ မိ​မိ​၏​ဘု​ရား​ထံ သို့​ပြန်​သွား​လေ​ပြီ။ သင်​သည်​လည်း​သူ နှင့်​အ​တူ​ပြန်​သွား​ပါ​လော့'' ဟု​ပြော​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ