၄ ရာ 23:25Common Language Bibleယခင်အခါများကယောရှိကဲ့သို့မောရှေ ၏ပညတ်ရှိသမျှကိုစောင့်ထိန်း၍ စိတ်စွမ်း၊ ဉာဏ်စွမ်း၊ အစွမ်းသတ္တိရှိသမျှနှင့်ထာဝရ ဘုရားအား ကိုးကွယ်သည့်ဘုရင်တစ်ပါးမျှ မပေါ်စဖူး။ သူ၏နောက်၌လည်းမပေါ်ခဲ့ ချေ။- အခန်းကိုကြည့်ပါ။ |
သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့၏ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်သို့လည်း ကောင်း၊ ကိုယ်တော်ရွေးချယ်ထားတော်မူသည့်ဤ မြို့တော်သို့လည်းကောင်း၊ အကျွန်ုပ်တည်ဆောက် ထားသည့်ဤဗိမာန်တော်သို့လည်းကောင်း မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြပါလျှင်၊-