၄ ရာ 23:24Common Language Bibleယောရှိမင်းသည်ဗိမာန်တော်တွင် ယဇ်ပုရောဟိတ် မင်းတွေ့ရှိခဲ့သည့်ကျမ်းစာတော်၌ဖော်ပြထား သောပညတ်များကိုလိုက်နာကျင့်သုံးကြစေရန် ယေရုရှလင်မြို့နှင့်ယုဒတစ်ပြည်လုံး၌တွေ့ ရှိသမျှနတ်ဝင်သည်များ၊ ဗေဒင်ဆရာများ၊ အိမ်စောင့်နတ်အရုပ်များ၊ ရုပ်တုများနှင့် အခြားဝတ်ပြုကိုးကွယ်ရာဝတ္ထုပစ္စည်းများ ကိုဖယ်ရှားတော်မူ၏။- အခန်းကိုကြည့်ပါ။ |
သူသည်မိမိ၏ခမည်းတော်ဟေဇကိဖျက် သိမ်းခဲ့သည့် ရုပ်တုကိုးကွယ်ရာဌာနများကို ပြန်လည်တည်ဆောက်လေသည်။ ဗာလဘုရား အားပူဇော်ရန် ယဇ်ပလ္လင်များကိုတည်ဆောက်၍ ဣသရေလဘုရင်အာဟပ်နည်းတူအာရှရ ဘုရားမတံခွန်တိုင်ကိုစိုက်ထူ၏။ ကြယ် နက္ခတ်များကိုလည်းဝတ်ပြုရှိခိုး၏။-
ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။-
သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။