Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 20:1

Common Language Bible

ထို​အ​ချိန်​ကာ​လ​၌​ပင်​ဟေ​ဇ​ကိ​မင်း​သည် သေ​လု​မ​တတ်​ဖျား​နာ​၏။ အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် မင်း​ကြီး​ကို​လာ ရောက်​ကြည့်​ရှု​ပြီး​နောက်``အ​ရှင်​သည်​ပြန်​လည် ကျန်း​မာ​လာ​တော့​မည်​မ​ဟုတ်​သ​ဖြင့် အ​ရှင် နောက်​ဆုံး​မှာ​ကြား​ရန်​ရှိ​သည်​တို့​ကို​မှာ​ကြား ခဲ့​ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏။ သို့ ဖြစ်​၍​သေ​ရန်​အ​သင့်​ပြင်​ပါ​လော့'' ဟု​ဆင့် ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ဟိ​သော​ဖေ​လ​သည်​မိ​မိ​ပေး​သည့် အ​ကြံ​ကို​မ​လိုက်​ကြ​ကြောင်း​သိ​ရှိ​သော အ​ခါ မြည်း​ကို​ကုန်း​နှီး​တင်​၍​မိ​မိ​နေ​ရင်း မြို့​သို့​ပြန်​လေ​၏။ သူ​သည်​မိ​မိ​၏​အ​မှု ကိစ္စ​အ​ဝ​ဝ​ကို​စီ​စဉ်​ဆောင်​ရွက်​ပြီး​နောက် ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ သူ့​အ​လောင်း​ကို သက်​ဆိုင်​ရာ​ဆွေ​မျိုး​စု​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။

``ထာ​ဝ​ရ​ဘု​ရား​က`ဣ​သ​ရေ​လ​ပြည်​တွင် ဗျာ​ဒိတ်​တော်​ကို​မေး​လျှောက်​ရန် ဘု​ရား​မ​ရှိ သော​ကြောင့်​ဧ​ကြုန်​မြို့​၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ် အား​စုံ​စမ်း​မေး​မြန်း​ရန်​သံ​တမန်​တို့​ကို​စေ လွှတ်​ရ​သ​လော။ သို့​ဖြစ်​၍​သင်​သည်​ပြန်​လည် ကျန်း​မာ​လာ​လိမ့်​မည်​မ​ဟုတ်။ သေ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​လေ​၏။

မင်း​ကြီး​အား`မိ​မိ​၏​သ​လွန်​မှ​တစ်​ဖန်​ပြန်​၍ ထ​နိုင်​မည်​မ​ဟုတ်​ကြောင်း၊ သေ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​သင်​တို့ လျှောက်​ထား​ကြ​လော့' ဟု​ဆင့်​ဆို​ရ​မည်'' ဟု မိန့်​တော်​မူ​သည်။ ဧ​လိ​ယ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ပြု​သ​ဖြင့်၊-

မင်း​ကြီး​သည်​နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်​အ​သက်​ကြီး​သူ ယဇ်​ပု​ရော​ဟိတ်​များ​ကို အာ​မုတ်​၏​သား​ဟေ​ရှာ ယ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် လည်း​လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-

ထို​နောက်​မင်း​ကြီး​၏​ပတ္ထ​နာ​ကို​ထာ​ဝ​ရ ဘု​ရား​နား​ညောင်း​တော်​မူ​သ​ဖြင့် ဟေ​ဇ​ကိ မင်း​အ​တွက် ဟေ​ရှာ​ယ​မှ​တစ်​ဆင့်​ရောက် လာ​သော​ဗျာ​ဒိတ်​တော်​မှာ၊-

ဟေ​ဇ​ကိ​သည် နံ​ရံ​ဘက်​သို့​မျက်​နှာ​လှည့်​လျက်၊-

ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် စု​တေ​ရ​သော​အ​ချိန်​နီး​လာ​ပြီ။ ငါ​သည် ယော​ရှု​အား​ညွှန်​ကြား​နိုင်​ရန် သူ့​ကို​ပ​ဋိ​ညာဉ် တဲ​တော်​သို့​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​ယော​ရှု​တို့​သည်​တဲ​တော်​သို့​သွား ကြ​ရာ၊-

ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ထဲ​က မော​ရှေ​အား``သင်​သည်​မ​ကြာ​မီ​စု​တေ​ရ​မည်။ သင်​အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် သစ္စာ​ဖောက်​၍​သူ​တို့​နှင့်​ငါ​ပြု ထား​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ သူ​တို့​ဝင်​ရောက် မည့်​ပြည်​ရှိ​အ​ခြား​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-

သူ​သည်​အ​မှန်​ပင်​သေ​လု​နီး​ပါး​ဖျား​နာ​ခဲ့​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​သ​နား တော်​မူ​လေ​ပြီ။ သူ့​ကို​သာ​လျှင်​သ​နား​တော် မူ​သည်​မ​ဟုတ်။ ငါ့​အား​လည်း​ထပ်​ဆင့်​ဝမ်း နည်း​မှု​နှင့်​မ​ကြုံ​တွေ့​စေ​ရန်​သ​နား​တော်​မူ​၏။-

သူ​သည်​သင်​တို့​ကိုယ်​တိုင်​မ​ပေး​နိုင်​သည့်​အ​ကူ အ​ညီ​ကို ငါ့​အား​ပေး​နိုင်​အံ့​သော​ငှာ​အ​သက်​စွန့် စား​၍ ခ​ရစ်​တော်​၏​အ​မှု​တော်​ကို​သေ​လု​နီး သည်​တိုင်​အောင်​ကြိုး​ပမ်း​ထမ်း​ဆောင်​ခဲ့​ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ