Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 19:37

Common Language Bible

တစ်​နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​နိ​သ​ရုတ် ၏​ဗိ​မာန်​တော်​တွင် ဝတ်​ပြု​နေ​စဉ်​သား​တော်​များ ဖြစ်​သော​အာ​ဒြမ္မေ​လက်​နှင့်​ရှ​ရေ​ဇာ​တို့​သည် မင်း ကြီး​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ပြီး​လျှင်​အာ​ရ​ရတ် ပြည်​သို့​ထွက်​ပြေး​ကြ​၏။ အ​ခြား​သား​တော် တစ်​ပါး​ဖြစ်​သူ​ဧ​သ​ရ​ဟဒ္ဒုန်​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သင်္ဘော​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ခု​နစ်​ရက် နေ့​တွင် အာ​ရ​ရတ်​တောင်​တစ်​ခု​ပေါ်​တွင်​တင် နေ​လေ​၏။-

အာ​ဝ​မြို့​သား​တို့​က နိ​ဗ​ဟာ​ဇ​နှင့်​တာ​တက် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း​ပြု​လုပ် ကြ​လေ​သည်။ သေ​ဖ​ရ​ဝိမ်​မြို့​သား​တို့​သည် အာ​ဒြမ္မေ​လက်​နှင့်​အ​နမ္မေ​လက်​ဘု​ရား​တို့​အား မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​ပူ​ဇော်​ကြ​၏။-

ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး​ရန်​သူ​၏​သွေး ဆောင်​စကား​ကို​နား​မ​ထောင်​ကြ​နှင့်။ ထာ​ဝရ ဘု​ရား​သည် သင်​တို့​အား​ကယ်​တော်​မူ​မည်​ဟူ ၍​လည်း​ကောင်း၊ အာ​ရှု​ရိ​တပ်​မ​တော်​အား ဤ မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ် ဟူ​၍​လည်း​ကောင်း​မ​ထင်​မှတ်​ကြ​နှင့်။-

ဟေ​ဇ​ကိ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ကိုး​စား သူ​ဖြစ်​၏။ ရှေး​ကာ​လ​မှ​စ​၍​နောင်​ကာ​လ တိုင်​အောင် ယု​ဒ​ပြည်​တွင်​သူ​ကဲ့​သို့​သော ဘု​ရင်​တစ်​ပါး​မျှ​မ​ပေါ်​ပေါက်​ချေ။-

ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ်​မင်း သည် ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​အ​မှာ​တော် စာ​ပေး​ပို့​လိုက်​လေ​သည်။ ထို​အ​မှာ​တော်​စာ တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​က​သင်​သည် ငါ ၏​လက်​တွင်း​သို့​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ကြောင်း​မိန့်​တော်​မူ​သော​စ​ကား​ကြောင့်​နား မ​ယောင်​နှင့်။-

အို ထာ​ဝ​ရ​ဘု​ရား၊ အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း များ​သည် လူ​မျိုး​တ​ကာ​တို့​ကို​ပျက်​ပြုန်း စေ​၍ သူ​တို့​၏​ပြည်​များ​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​ဖြစ်​စေ​လျက်၊-

ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင်​လူ တို့​သည် အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ဖြစ်​ပျက်​စေ ရန်​ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချမှတ်​ထား တော်​မူ​သော​ကြောင့်​ဖြစ်​၏။

ငါ​သည်​ဧ​က​ရာဇ်​မင်း​အား​မိ​မိ​၏​တိုင်း​ပြည် သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တ​ရာ​ကို​ကြား စေ​တော်​မူ​မည်။ ထို​နောက်​သူ့​ကို​ထို​ပြည်​၌​ပင် လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​စေ​လတ္တံ့'' ဟု​ပြန်​ကြား လိုက်​၏။

ထို​နိုင်​ငံ​များ​ရှိ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​၏​လူ​တို့​အား​ငါ​၏​လက်​မှ​ကယ်​ခဲ့​ဖူး ပါ​သ​နည်း။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​၏​ဘု​ရား သည်​သင်​တို့​ကို​ကယ်​တော်​မူ​နိုင်​သည်​ဟု အ​ဘယ်​ကြောင့်​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​နည်း။-

သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ဘု​ရား​သ​ခင်​ကို​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​ရုပ်​တု များ​ဖြစ်​သည့်​အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား များ​နှင့်​တန်း​တူ​ထား​၍​ပြော​ဆို​ကြ​၏။

ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​၍ အာ​ရှု​ရိ​တပ်​သား​များ​နှင့်​တပ်​မ တော်​အ​ရာ​ရှိ​များ​အား​သုတ်​သင်​ပယ်​ရှင်း စေ​တော်​မူ​၏။ ဧ​က​ရာဇ်​မင်း​သည်​အ​ရှက်​ကွဲ လျက်​အာ​ရှု​ရိ​ပြည်​သို့​ပြန်​တော်​မူ​၏။ တစ် နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​၏​ဗိ​မာန် တော်​၌​ရှိ​နေ​စဉ် သား​တော်​အ​ချို့​တို့​သည် သူ့​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ကြ​လေ​သည်။

သူ​တို့​သည်​ဇေ​ရု​ဗ​ဗေ​လ​နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​ထံ​သို့​သွား​၍``ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင် ငါ​တို့​ကို​လည်း​သင်​တို့​နှင့်​အ​တူ​ပါ​ဝင်​ခွင့်​ပြု​ပါ။ ငါ​တို့​သည်​သင်​တို့​ကိုး​ကွယ်​သည့်​ဘု​ရား​ကို​ပင်​ကိုး​ကွယ်​ပါ​၏။ ငါ​တို့​အား​ဤ​အ​ရပ်​တွင်​နေ​ထိုင်​ရန်​အာ​ရှု​ရိ​ဘု​ရင်​ဧ​သ​ရ​ဟဒ္ဒုန်​စေ​လွှတ်​လိုက်​ချိန်​မှ​အ​စ​ပြု​၍ ထို​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ခဲ့​ကြ​ပါ​သည်'' ဟု​ပြော​ကြား​ကြ​၏။

``တိုက်​ခိုက်​ရန်​အ​ချက်​ပေး​ကြ​လော့။ လူ​မျိုး တကာ​တို့​ကြား​ကြ​စေ​ရန်​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ဗာ​ဗု​လုန်​မြို့​ကို​စစ်​ချီ​ရန်​လူ​မျိုး တ​ကာ​တို့​အား​အ​သင့်​ပြင်​ဆင်​စေ​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိန္နိ​ပြည်​နှင့်​အာ​ရှ​ကေ​နတ် ပြည်​တို့​အား​တိုက်​ခိုက်​ရန်​ပြော​ကြား​ကြ​လော့။ ဦး​ဆောင်​တိုက်​ခိုက်​နိုင်​ရန်​စစ်​သေ​နာ​ပ​တိ​ကို ခန့်​ထား​ကြ​လော့။ ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​မြင်း တို့​ကို​ချီ​တက်​စေ​ကြ​လော့။-

သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ​တို့​၏​ဘု​ရား​များ အား​နည်း​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ကဲ့​သို့ တန်​ခိုး​မ​ကြီး​ကြောင်း​သိ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ