၄ ရာ 19:26Common Language Bibleထိုမြို့များတွင်နေထိုင်သူတို့သည်စွမ်းရည် မရှိ၊ ထိတ်လန့်ကြောက်ရွံ့လျက်အရှေ့အရပ်မှ လေပူတိုက်၍ ညှိုးနွမ်းသွားသည့်စားကျက် မြက်၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့် တူကြ၏။ အခန်းကိုကြည့်ပါ။ |
အကယ်၍သင်တို့သည်မိမိတို့အားတိုက်ခိုက် လျက်ရှိသည့်ဗာဗုလုန်တပ်မတော်တစ်ခုလုံး ကိုနှိမ်နင်းနိုင်၍ ဒဏ်ရာရသူများသာလျှင် မိမိတို့တဲရှင်များတွင်ကျန်ရှိတော့သည်ဟု ဆိုစေကာမူ ထိုသူတို့သည်ထ၍ဤမြို့ကို မီးရှို့ပစ်ကြလိမ့်မည်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-