Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 19:25

Common Language Bible

``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခဲ့​ကြောင်း​သင်​အ​ဘယ်​အ​ခါ​၌​မျှ မ​ကြား​ဘူး​သ​လော။ ယ​ခု​ထို​အ​မှု​အ​ရာ များ​ကို​ငါ​ဖြစ်​ပွား​စေ​ပြီ။ ခံ​တပ်​မြို့​များ​ကို အ​မှိုက်​ပုံ​ဖြစ်​စေ​နိုင်​သော​တန်​ခိုး​ကို​သင့် အား​ငါ​ပေး​အပ်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​တို့ မူ​ကား အ​ဘယ်​ကာ​လ​၌​မျှ​ပျက်​ပြား​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​ရည်​မှန်း​ချက်​တို့​သည်​ထာ​ဝ​စဉ် အောင်​မြင်​သ​တည်း။

လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပု​ဆိန်​သည် မိ​မိ​ကို​အ​သုံး​ပြု​သူ​ထက်​ကြီး​မြတ်​သည် ဟု​ဆို​နိုင်​ပါ​မည်​လော။ လွှ​သည်​လည်း​မိ​မိ ကို​ကိုင်​၍​တိုက်​သူ​ထက်​အ​ရေး​ပါ​အ​ရာ ရောက်​သည်​ဟု​ဆို​နိုင်​ပါ​မည်​လော။ တင်း​ပုတ် က​လူ​ကို​ကိုင်​သည်​မ​ဟုတ်၊ လူ​က​တင်း​ပုတ် ကို​ကိုင်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​အ​လင်း​နှင့်​အ​မှောင်​ကို​ဖန်​ဆင်း​၏။ ကောင်း​ကြီး​မင်္ဂ​လာ​နှင့်​ဘေး​အန္တ​ရာယ်​ကို​ပါ ဆောင်​ယူ​ပေး​၏။ ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို​ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပေ​သည်။

ငါ​သည်​အောင်​ပွဲ​ကို​မိုး​ရေ​သ​ဖွယ် ကောင်း​ကင်​မှ​ချ​ပေး​မည်။ ယင်း​ကို​ကမ္ဘာ​မြေ​ကြီး​သည်​ဖွင့်​ဟ​ခံ​ယူ​ကာ လွတ်​လပ်​မှု​နှင့်​တ​ရား​မျှ​တ​မှု​တည်း​ဟူ သော အ​သီး​အ​ပွင့်​များ​ကို​ဆောင်​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​အ​ရာ များ​ကို ဖြစ်​ပျက်​စေ​တော်​မူ​ပေ​အံ့။''

``မီး​ကို​မွှေး​၍​လက်​နက်​များ​ကို​ပြု​လုပ်​သူ ပန်း​ပဲ​ဆ​ရာ​ကို​ငါ​ဖန်​ဆင်း​၏။ သတ်​ဖြတ်​ရန်​အ​တွက်​ထို​လက်​နက်​များ​ကို အ​သုံး​ပြု​သူ​စစ်​သူ​ရဲ​ကို​လည်း​ငါ​ဖန်​ဆင်း​၏။

ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ရှ​မာ​ရိ​မြို့​ကို​ကွင်း​ပြင်​၌​မြို့​ပျက်​ကဲ့ သို့​လည်း​ကောင်း၊ စ​ပျစ်​ပင်​စိုက်​ရာ​အ​ရပ် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​စေ​မည်။ ငါ​သည် မြို့​ပျက်​မှ​ကျောက်​တုံး​ကျောက်​ခဲ​တို့​ကို ချိုင့်​ဝှမ်း​ထဲ​သို့​သွန်​ချ​၍​မြို့​အောက်​ခြေ ကို​လှန်​ပစ်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ