Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 18:19

Common Language Bible

အာ​ရှု​ရိ​အ​မျိုး​သား​တစ်​ဦး​က​သူ​တို့​အား``အာ ရှု​ရိ​ဘု​ရင်​က​ဟေ​ဇ​ကိ​မင်း​အား`သင်​သည်​အ​ဘယ် ကြောင့်​မိ​မိ​ကိုယ်​ကို ဤ​မျှ​ယုံ​ကြည်​ကိုး​စား​လျက် နေ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည် ယေရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​ရန် မိ​မိ​၏​ထိပ်​သီး​အ​ရာ​ရှိ​သုံး​ဦး အုပ်​ချုပ်​သည့်​တပ်​မ​တော်​ကြီး​ကို​လာ​ခိ​ရှ​မြို့ မှ​စေ​လွှတ်​လိုက်​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ သူ​တို့​သည်​အ​ထက်​ရေ​ကန်​မှ စီး​ဆင်း​လာ​သည့်​ရေ​မြောင်း​အ​နီး အ​ထည်​ယက် လုပ်​သူ​တို့​၏​အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​တွင် တပ်​စ​ခန်း​ချ​ကြ​၏။-

သူ​သည်​ဆက်​လက်​၍``သင်​က`ငါ​တို့​သည် ငါ​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး ပါ​သည်' ဟု​ပြော​ဆို​ကြ​မည်​လော။ မြင့်​သော အ​ရပ်​ဌာ​န​များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဟေ​ဇ​ကိ ဖျက်​ဆီး​၍ ယု​ဒ​ပြည်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​ရှိ​ယဇ်​ပလ္လင်​၌​သာ ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန် အ​မိန့်​ထုတ်​သည်​မ​ဟုတ်​ပါ​လော။-

ဟေ​ဇ​ကိ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ကိုး​စား သူ​ဖြစ်​၏။ ရှေး​ကာ​လ​မှ​စ​၍​နောင်​ကာ​လ တိုင်​အောင် ယု​ဒ​ပြည်​တွင်​သူ​ကဲ့​သို့​သော ဘု​ရင်​တစ်​ပါး​မျှ​မ​ပေါ်​ပေါက်​ချေ။-

ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ်​မင်း သည် ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​အ​မှာ​တော် စာ​ပေး​ပို့​လိုက်​လေ​သည်။ ထို​အ​မှာ​တော်​စာ တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​က​သင်​သည် ငါ ၏​လက်​တွင်း​သို့​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ကြောင်း​မိန့်​တော်​မူ​သော​စ​ကား​ကြောင့်​နား မ​ယောင်​နှင့်။-

အ​ချင်း​လူ​တို့၊သင်​တို့​သည်​အ​ဘယ်​ကာ​လ​တိုင် အောင် ငါ့​အား​စော်​ကား​ကြ​မည်​နည်း။ အ​ဘယ်​ကာ​လ​တိုင်​အောင်​သင်​တို့​သည် အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​ကို​နှစ်​သက်​၍ အ​မှား​နောက်​သို့​လိုက်​ကြ​မည်​နည်း။

အာ​ရှု​ရိ​အ​ရာ​ရှိ​က​သူ​တို့​အား``ဟေ​ဇ​ကိ မင်း​သည်​အ​ဘယ်​ကြောင့် မိ​မိ​ကိုယ်​ကို​ဤ​မျှ ယုံ​ကြည်​ကိုး​စား​လျက်​နေ​ကြောင်း​ဘု​ရင် ဧ​က​ရာဇ်​သိ​ရှိ​လို​ပါ​သည်။-

သင်​တို့​သည်​အီ​ဂျစ်​ပြည်​၏​အ​ကူ​အ​ညီ​ကို စောင့်​စား​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​ထို​ပြည် ကို​အား​ကိုး​ခြင်း​သည်​ကျိုး​၍​လက်​စူး​တတ် သည့်​ကူ​ရိုး​ကို​တောင်​ဝှေး​အ​ဖြစ်​အ​သုံး​ပြု သည်​နှင့်​တူ​၏။ အီ​ဂျစ်​ဘု​ရင်​ကား​မိ​မိ​တို့ မှီ​ခို​အား​ကိုး​သူ​ရှိ​လာ​ချိန်​၌​ကူ​ရိုး​နှင့် သာ​တူ​သ​တည်း'' ဟု​ပြော​၏။

ထို့​နောက်​သူ​သည်​ဆက်​လက်​၍``သင်​တို့​က`ငါ တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို အား​ကိုး​ပါ​သည်' ဟု​ငါ့​အား ပြော​ဆို​ကြ​ပါ​မည်​လော။ ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​ဌာ​န​များ နှင့် ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ပစ်​ပြီး​နောက် ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့​အား ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​ပလ္လင် ၌​သာ​လျှင် ဝတ်​ပြု​ကိုး​ကွယ်​ကြ​စေ​ရန် မှာ​ကြား​ခဲ့​ပေ​သည်။-

ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ် မင်း​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​သ​ဝဏ် လွှာ​တစ်​စောင်​ရေး​၍​ပေး​ပို့​လိုက်​လေ​သည်။ ထို သ​ဝဏ်​လွှာ​တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​သ​ခင်​က သင်​သည်​ငါ​၏​လက်​တွင်း​သို့​ကျ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု မိန့်​တော်​မူ​သော စ​ကား​ကြောင့်​အ​ထင်​အ​မြင်​မ​မှား​ပါ လေ​နှင့်။-

ဟာ​မတ်​မြို့၊ အာ​ပဒ်​မြို့၊ သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န​မြို့​နှင့်​ဣ​ဝါ​မြို့​တွင်​စိုး​စံ​ခဲ့​သော ဘု​ရင်​များ​သည်​ယ​ခု​အ​ဘယ်​မှာ​ရှိ ကြ​ပါ​သ​နည်း'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။

``ငါ​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ထင်​ရှား​စေ ရန်​နေ​ပြည်​တော်​အ​ဖြစ်​ဖြင့် ငါ​တည်​ထောင်​ခဲ့ သော​ဗာ​ဗု​လုန်​မြို့​သည်​လွန်​စွာ​ကြီး​ကျယ် ခမ်း​နား​လှ​ပါ​သည်​တ​ကား'' ဟု​မြွက်​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ