၄ ရာ 18:18Common Language Bibleထို့နောက်သူတို့သည်ဟေဇကိမင်းအားလူလွှတ် ၍ဖိတ်ခေါ်ကြ၏။ ထိုအခါဟေဇကိ၏နန်းတွင်း အရာရှိသုံးဦးတို့သည် ထိုသူတို့နှင့်တွေ့ဆုံရန် ထွက်လာကြ၏။ သူတို့ကားဟိလခိ၏သားနန်း တော်အုပ်ဧလျာကိမ်၊ နန်းတော်အတွင်းဝန်ရှေဗန နှင့် အာသပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။- အခန်းကိုကြည့်ပါ။ |
ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာတို့ သည် ထိုအရာရှိအား``အရှင်၊ အာရမိဘာသာ စကားဖြင့်အကျွန်ုပ်တို့အားအမိန့်ရှိပါ။ ထို စကားကိုအကျွန်ုပ်တို့နားလည်ပါသည်။ ဟေဗြဲ ဘာသာစကားကိုမသုံးပါနှင့်။ မြို့ရိုးပေါ်ရှိ လူအပေါင်းတို့နားထောင်လျက်နေကြပါ သည်'' ဟုပြော၏။
ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်၌တိုင်းပြည်နှင့် ဗိမာန်တော်ကိုရုပ်တု ကိုးကွယ်ဝတ်ပြုမှုနှင့်ကင်းရှင်းသန့်စင် အောင်ပြုပြီးနောက်အာဇလိ၏သားရှာဖန်၊ ယေရုရှလင်ဘုရင်ခံမာသေယနှင့်ယော ခတ်၏သားအတွင်းဝန်ယောအာတို့အား ထာဝရအရှင်ဘုရားသခင်၏ဗိမာန် တော်ကိုမွမ်းမံပြင်ဆင်ရန်အတွက်စေ လွှတ်တော်မူ၏။-