၄ ရာ 15:4Common Language Bibleသို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကို ဖျက်ဆီးခြင်းမပြုသဖြင့် လူတို့သည်ထို ဌာနများတွင် ဆက်လက်၍ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြ၏။- အခန်းကိုကြည့်ပါ။ |
သူသည်မိမိအလျင်နန်းစံခဲ့သည့်ခမည်းတော် အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက် တွင်ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ သို့ရာတွင်ရုပ်တု ကိုးကွယ်ရာဌာနများကိုမူမဖြိုမဖျက်သဖြင့် လူ တို့သည်ထိုအရပ်များတွင်ဆက်လက်၍ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။-
သူသည်ရုပ်တုဝတ်ပြုကိုးကွယ်ရာဌာနများ ကိုဖျက်သိမ်း၍ ကျောက်တိုင်များကိုချိုးဖျက် ကာအာရှရဘုရားမအားဆက်ကပ်ပူဇော် ထားသည့်တံခွန်တိုင်တို့ကိုခုတ်လှဲ၏။ မောရှေ ပြုလုပ်ခဲ့သည့်ကြေးဝါမြွေကိုလည်း အပိုင်း ပိုင်းဖြတ်လေသည်။ ထိုမြွေရုပ်ကားနဟုတ္တန်ဟု နာမည်တွင်၍ ဣသရေလအမျိုးသားတို့ သည်ထိုအချိန်ကာလတိုင်အောင်ပင် ထိုမြွေ ရုပ်အားနံ့သာပေါင်းကိုမီးရှို့၍ပူဇော်ခဲ့ ကြသတည်း။-
ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-