သြဇိသည်မိမိခမည်းတော်၏လမ်းစဉ်ကို လိုက်၍ ထာဝရဘုရားနှစ်သက်တော်မူသော အမှုတို့ကိုပြု၏။-
အာသသည်မိမိ၏ဘိုးဘေးဒါဝိဒ်ကဲ့သို့ ထာဝရဘုရားနှစ်သက်တော်မူသောအမှု တို့ကိုပြု၏။-
ယောသံသည်မိမိ၏ခမည်းတော်သြဇိမင်း ၏စံနမူနာကိုယူ၍ ထာဝရဘုရားနှစ် သက်တော်မူသောအမှုတို့ကိုပြု၏။-
သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကို ဖျက်ဆီးခြင်းမပြုသဖြင့် လူတို့သည်ထို ဌာနများတွင် ဆက်လက်၍ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြ၏။-
သြဇိသည်အသက်တစ်ဆယ့်ခြောက်နှစ်၌ နန်းတက်၍ ယေရုရှလင်မြို့တွင်ငါးဆယ့် နှစ်နှစ်တိုင်တိုင်နန်းစံလေသည်။ သူ၏မယ် တော်မှာယေရုရှလင်မြို့သူယေခေါလိ ဖြစ်၏။-
သူသည်ခမည်းတော်၏စံနမူနာကိုယူ၍ ထာဝရဘုရား၏မျက်မှောက်တော်၌ဖြောင့်မှန် သောအမှုတို့ကိုပြု၏။-