Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 14:29

Common Language Bible

ယေ​ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ သူ့​အား ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဇာ​ခ​ရိ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝရ​ဘု​ရား​က​ယေ​ဟု​အား``သင်​သည် ငါ​ပြု​စေ​လို​သည့်​အ​တိုင်း အာ​ဟပ်​၏​သား မြေး​တို့​ကို​ပယ်​ရှား​ခဲ့​လေ​ပြီ။ သို့​ဖြစ်​၍ သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက် တိုင်​အောင်​ဣသ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ မည်'' ဟု​မိန့်​တော်​မူ​၏။-

ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​များ၊ တိုက်​ပွဲ​တွင်​သူ​၏ လက်​ရုံး​ရည်၊ ဒ​မာ​သက်​မြို့​နှင့်​ဟာ​မတ်​မြို့​တို့ ကို ဣသ​ရေ​လ​နိုင်​ငံ​နယ်​မြေ​အ​တွင်း​သို့​ပြန် လည်​သိမ်း​ယူ​ခဲ့​ပုံ​အ​ကြောင်း​တို့​ကို ဣသ​ရေ​လ ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။-

ဣ​သ​ရေ​လ​ဘု​ရင်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင် မင်း​၏ နန်း​စံ​နှစ်​ဆယ့်​ခု​နစ်​နှစ်​မြောက်​၌​အာ​မ​ဇိ ၏​သား​သည်၊ အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​ငါး​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​၏။ သူ ၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင်​မြို့​သူ​ယေ​ခေါ​လိ ဖြစ်​၏။-

သို့​ဖြစ်​၍``ငါ​သည်​သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​မည်'' ဟု​ယေ​ဟု အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ဖြစ်​သ​တည်း။

ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​၏ သား​ဇာ​ခ​ရိ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌​ခြောက် နှစ်​နန်း​စံ​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ