Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 14:28

Common Language Bible

ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​များ၊ တိုက်​ပွဲ​တွင်​သူ​၏ လက်​ရုံး​ရည်၊ ဒ​မာ​သက်​မြို့​နှင့်​ဟာ​မတ်​မြို့​တို့ ကို ဣသ​ရေ​လ​နိုင်​ငံ​နယ်​မြေ​အ​တွင်း​သို့​ပြန် လည်​သိမ်း​ယူ​ခဲ့​ပုံ​အ​ကြောင်း​တို့​ကို ဣသ​ရေ​လ ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​၏​နယ် မြေ​တွင်​စစ်​စ​ခန်း​များ​ကို​တည်​ဆောက် ထား​သ​ဖြင့် သူ​တို့​သည်​မင်း​ကြီး​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​သွား​ရောက် လေ​ရာ​အ​ရပ်​ရပ်​၌​အောင်​ပွဲ​ကို​ခံ​စေ တော်​မူ​၏။-

(ဤ​သို့​ဖြစ်​ပျက်​မှု​မှာ​ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ ကို​နှိမ်​နင်း​၍ ထို​မင်း​၏​ရှု​ရိ​မ​ဟာ​မိတ်​များ​ကို သုတ်​သင်​ပြီး​ချိန်​၌​ဖြစ်​သ​တည်း။) ရေ​ဇုန်​သည် မိ​မိ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ဒ​မာ​သက်​မြို့ သို့​သွား​ရောက်​နေ​ထိုင်​ရာ​သူ​၏​လူ​တို့​သည်​သူ့ ကို​ရှု​ရိ​ဘုရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​လေ​သည်။-

ယေ​ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​တိုက်​ခဲ့​သည့် စစ်​ပွဲ​များ​နှင့်​တိုင်း​ပြည်​အုပ်​ချုပ်​ပုံ​တို့​ကို​လည်း ကောင်း ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

အာ​ခ​ဇိ​မင်း​၏​အ​ခြား​လုပ်​ဆောင်​ချက်​ရှိ သ​မျှ​တို့​ကို ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။

ယ​ဟော​ရှ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ရှ​မာ​ရိ မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

ယေ​ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ သူ့​အား ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဇာ​ခ​ရိ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

(ဤ​စာ​ရင်း​မှတ်​တမ်း​များ​မှာ​ယု​ဒ​ဘု​ရင် ယော​သံ​မင်း​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော ဗောင်​မင်း​တို့​၏​လက်​ထက်​၌​ပြု​စု​ရေး​သား သော​မှတ်​တမ်း​များ​ဖြစ်​သ​တည်း။)

ငါ​သည်​ဒ​မာ​သက်​မြို့​တံ​ခါး​များ​ကို​ချေ မှုန်း​၍ အာ​ဝင်​ချိုင့်​နှင့်​ဗေ​သေ​ဒင်​မြို့​တွင်​ကြီး စိုး​နေ​သူ​တို့​ကို​ရှင်း​ပစ်​မည်။ ရှု​ရိ​ပြည်​သား တို့​သည်​ကိ​ရ​ပြည်​သို့​သုံ့​ပန်း​အ​ဖြစ်​နှင့် လိုက်​ပါ​သွား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ