Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 13:1

Common Language Bible

ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ​၏​သား​တော်​ယော​ရှ​၏​နန်း စံ​နှစ်​ဆယ့်​သုံး​နှစ်​မြောက်​၌ ယေ​ဟု​၏​သား​တော် ယော​ခတ်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ် နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​ခု​နစ်​နှစ် နန်း​စံ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝရ​ဘု​ရား​က​ယေ​ဟု​အား``သင်​သည် ငါ​ပြု​စေ​လို​သည့်​အ​တိုင်း အာ​ဟပ်​၏​သား မြေး​တို့​ကို​ပယ်​ရှား​ခဲ့​လေ​ပြီ။ သို့​ဖြစ်​၍ သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက် တိုင်​အောင်​ဣသ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ မည်'' ဟု​မိန့်​တော်​မူ​၏။-

ယော​ရှ​သည်​အ​သက်​ခု​နစ်​နှစ်​တွင် ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​သ​တည်း။

သို့​ရာ​တွင်​သတ္တမ​မြောက်​သော​နှစ်​သို့​ရောက် သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဘု​ရင်​မ​၏​ကိုယ်​ရံ​တော်​တပ်​မှူး​များ​နှင့် နန်း​တော်​အ​စောင့်​တပ်​မှူး​များ​ကို​ဗိ​မာန် တော်​သို့​ခေါ်​ပြီး​လျှင် မိ​မိ​၏​အ​ကြံ​အ​စည် အ​တိုင်း​လိုက်​နာ​ကြ​ရန်​သစ္စာ​ဆို​စေ​၏။ ထို နောက်​သူ​သည်​ထို​သူ​တို့​အား အာ​မ​ဇိ မင်း​၏​သား​တော်​ယော​ရှ​ကို​ပြ​ပြီး​လျှင်၊-

ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​ယေ​ဟု​မင်း​၏​နန်း စံ​ခု​နစ်​နှစ်​မြောက်​တွင် ယော​ရှ​သည်​ယု​ဒ​ပြည် ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌ အ​နှစ်​လေး​ဆယ်​နန်း​စံ​လေ​သည်။ သူ​၏​မယ် တော်​ကား​ဗေ​ရ​ရှေ​ဘ​မြို့​သူ​ဇိ​ဗိ​ဖြစ်​၏။-

ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​၏​နန်း​စံ​သုံး​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ယော​ခတ်​၏​သား​တော်​ယ​ဟော​ရှ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​ခြောက်​နှစ်​နန်း​စံ လေ​သည်။-

သူ​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​ယေ​ရော ဗောင်​မင်း​ကဲ့​သို့ ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး လွန်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။ သူ​သည်​အ​ဘယ် အ​ခါ​မျှ​မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်။-

သို့​ဖြစ်​၍``ငါ​သည်​သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​မည်'' ဟု​ယေ​ဟု အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ဖြစ်​သ​တည်း။

သူ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ်​မျှ​အုပ် စိုး​ရ​၏။ သူ​၏​မယ်​တော်​မှာ​ဣသ​ရေ​လ​ဘု​ရင် သြ​မ​ရိ​၏​မြေး​အာ​သ​လိ​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ