Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 12:20

Common Language Bible

ယော​ရှ​မင်း​၏​မှူး​မတ်​တို့​သည်​သူ့​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​ကြ​၏။ ထို​သူ​တို့​အ​နက်​ရှိ​မတ် ၏​သား​ယော​ဇ​ကာ​နှင့်​ရှော​မေ​ရ​၏​သား​ယ​ဟော ဇ​ဗပ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​သိ​လ ရွာ​သွား​ရာ​လမ်း​ရှိ​ဖို့​မြေ​ပေါ်​တွင်​တည်​ဆောက် ထား​သော​စံ​နန်း​၌​သူ့​အား​လုပ်​ကြံ​ကြ​၏။ သူ့ အား​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​မ​ဇိ​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ခံ​တပ်​ကို​သိမ်း​ယူ​တော်​မူ​ပြီး နောက်​ထို​ခံ​တပ်​အ​တွင်း​၌​နေ​ထိုင်​တော်​မူ ၍​ယင်း​ကို​ဒါ​ဝိဒ်​မြို့​ဟု​သ​မုတ်​တော်​မူ​၏။ မင်း ကြီး​သည်​ထို​ခံ​တပ်​ပတ်​လည်​တွင်​တောင်​ကုန်း အ​ရှေ့၊ မြေ​ဖို့​ထား​ရာ​အ​ရပ်​မှ​အ​စ​ပြု​၍ မြို့​ကို​တည်​တော်​မူ​၏။-

ပုန်​ကန်​မှု​ဖြစ်​ပွား​ပုံ​ကား​ဤ​သို့​တည်း။ ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​တွင် မြေ​ဖို့​လျက် မြို့​ရိုး​များ​ကို​တိုး​ချဲ့​လျက်​နေ​၏။-

ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​လျက်​ရှိ​သ​တည်း။-

ယော​ရှ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။

အာ​မ​ဇိ​သည်​မိ​မိ​၏​အာ​ဏာ​တည်​သည်​နှင့် တစ်​ပြိုင်​နက် ခ​မည်း​တော်​ဘု​ရင်​မင်း​ကို​လုပ် ကြံ​သည့်​မှူး​မတ်​တို့​ကို​ကွပ်​မျက်​လေ​၏။-

အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်း​၌​လုပ်​ကြံ​ကြ​၏။-

ယ​ဟော​ရံ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-

ထာ​ဝရ​ဘု​ရား​အား​အာ​မ​ဇိ​ပုန်​ကန်​ချိန်​မှ အ​စ​ပြု​၍ သူ့​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင်​လျှို့​ဝှက်​ကြံ​စည်​မှု​ရှိ​ခဲ့​၏။ နောက်​ဆုံး ၌​သူ​သည်​လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့​ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။-

အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်​လုပ်​ကြံ​ကြ​၏။-

ထို​နောက်​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​မှ မြို့​သား​အ​ပေါင်း​တို့​သည်​စု​ဝေး​လျက် ရှေ​ခင် မြို့​ရှိ​အ​ထိမ်း​အ​မှတ်​သ​ပိတ်​ပင်​သို့​သွား ရောက်​၍ အ​ဘိ​မ​လက်​အား​မင်း​မြှောက်​ကြ လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ