Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 11:16

Common Language Bible

တပ်​မှူး​တို့​သည်​လည်း​အာ​သ​လိ​ကို​ဖမ်း ဆီး​ပြီး​လျှင် နန်း​တော်​သို့​ခေါ်​ဆောင်​ကာ မြင်း​တံ​ခါး​ဝ​၌​ကွပ်​မျက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

လူ​ကို​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော်​မူ​သ​ဖြင့် လူ​ကို​သတ်​သော​သူ​အား​လူ့​လက်​ဖြင့်​သတ်​လိမ့်​မည်။

ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​ကွပ်​မျက်​သည်​ကို​မ​လို​လား သဖြင့်``သူ့​အား​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​နေ​၍​ခေါ်​သွား​ကြ​လော့၊ သူ့​အား​ကယ်​ရန် ကြိုး​စား​သူ​မှန်​သမျှ​ကို​ကွပ်​မျက်​ကြ​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး​လေ​သည်။-

သူ​တို့​သည်​အာ​သ​လိ​ကို​ဖမ်း​ဆီး​၍​နန်း တော်​သို့​ထုတ်​ပြီး​လျှင် မြင်း​တံ​ခါး​ဝ​၌ ကွပ်​မျက်​ကြ​၏။

နောက်​တစ်​ပိုင်း​ကို​ယဇ်​ပု​ရော​ဟိတ်​တစ်​စု​က မြင်း​တံ​ခါး​မှ​သည်​မြောက်​ဘက်​သို့ မိ​မိ​တို့ နေ​အိမ်​အ​သီး​သီး​ရှေ့​တွင်​တည်​ဆောက်​ကြ လေ​သည်။

လူ​သေ​အ​လောင်း​များ​နှင့်​အ​မှိုက်​များ​စွန့်​ပစ် ရာ​ချိုင့်​ဝှမ်း​တစ်​ခု​လုံး​သည်​လည်း​ကောင်း၊ အ​ရှေ့ ဘက်​မြင်း​တံ​ခါး​တိုင်​အောင်​ကေ​ဒြုန်​ချောင်း အ​ထက်​ရှိ​လယ်​ပြင်​အ​ပေါင်း​သည်​လည်း​ကောင်း ငါ့​အ​ဖို့​မြင့်​မြတ်​သန့်​ရှင်း​ရာ​ဖြစ်​လိမ့်​မည်။ ဤ​မြို့​တော်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ဖြို​ချ​ဖျက်​ဆီး​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။

``လူ​သတ်​မှု​ကူး​လွန်​သော​သူ​ကို​သေ​ဒဏ် စီ​ရင်​ရ​မည်။-

သူ​တစ်​ပါး​အား​သင်​တို့​စစ်​ကြော​စီ​ရင်​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​စစ်​ကြော​စီ​ရင် တော်​မူ​မည်။ သူ​တစ်​ပါး​တို့​အား​စီ​ရင်​ရာ​တွင် သင်​တို့​အ​သုံး​ပြု​သည့်​နည်း​အ​တိုင်း သင်​တို့ အား​စီ​ရင်​တော်​မူ​မည်။-

ဘု​ရား​သ​ခင်​သည်​သ​နား​က​ရု​ဏာ​မ​ရှိ​သူ အား​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သ​နားခြင်း​က​ရု​ဏာ ရှိ​သူ​သည်​တ​ရား​စီ​ရင်​ခြင်း​ကို​ကြောက်​လန့် ရန်​မ​လို​ပေ။

အ​ဒေါ​နိ​ဗေ​ဇက်​က``ငါ​သည်​ဘု​ရင်​ခု​နစ်​ဆယ် တို့​အား​ခြေ​မ​လက်​မ​များ​ဖြတ်​တောက်​ပစ်​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စား​ပွဲ​အောက်​မှ​စား​ကြွင်း​စား ကျန်​များ​ကို​ကောက်​၍​စား​ခဲ့​ကြ​ရ​၏။ ယ​ခု​မှာ မူ​ဘု​ရား​သ​ခင်​သည် ထို​သူ​တို့​အား​ငါ​ပြု​ခဲ့ သည်​အ​တိုင်း​ငါ့​ကို​ပြု​တော်​မူ​လေ​ပြီ'' ဟု ဆို​၏။ သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် ခြင်း​ကို ခံ​ရ​ပြီး​လျှင်​ထို​မြို့​၌​ပင်​ကွယ်​လွန် သွား​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ