Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 11:15

Common Language Bible

ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​ကွပ်​မျက်​သည်​ကို​မ​လို​လား သဖြင့်``သူ့​အား​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​နေ​၍​ခေါ်​သွား​ကြ​လော့၊ သူ့​အား​ကယ်​ရန် ကြိုး​စား​သူ​မှန်​သမျှ​ကို​ကွပ်​မျက်​ကြ​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​တိုင်​အ​နီး​၌ ယု​ဒ မင်း​တို့​ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​ရပ် လျက်​နေ​သော​ဘု​ရင်​သစ်​ကို​လည်း​ကောင်း၊ တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ သည် မင်း​ကြီး​ကို​ခြံ​ရံ​လျက်​လူ​အ​ပေါင်း တို့​က​လည်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး ကြော်​လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် မိ​မိ​၏​အ​ဝတ်​ကို​ဆုတ်​လျက်``ပုန်​ကန်​မှု ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား'' ဟု အော်​ဟစ်​၏။

တပ်​မှူး​တို့​သည်​လည်း​အာ​သ​လိ​ကို​ဖမ်း ဆီး​ပြီး​လျှင် နန်း​တော်​သို့​ခေါ်​ဆောင်​ကာ မြင်း​တံ​ခါး​ဝ​၌​ကွပ်​မျက်​ကြ​၏။

သို့​ရာ​တွင်​သတ္တမ​မြောက်​သော​နှစ်​သို့​ရောက် သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဘု​ရင်​မ​၏​ကိုယ်​ရံ​တော်​တပ်​မှူး​များ​နှင့် နန်း​တော်​အ​စောင့်​တပ်​မှူး​များ​ကို​ဗိ​မာန် တော်​သို့​ခေါ်​ပြီး​လျှင် မိ​မိ​၏​အ​ကြံ​အ​စည် အ​တိုင်း​လိုက်​နာ​ကြ​ရန်​သစ္စာ​ဆို​စေ​၏။ ထို နောက်​သူ​သည်​ထို​သူ​တို့​အား အာ​မ​ဇိ မင်း​၏​သား​တော်​ယော​ရှ​ကို​ပြ​ပြီး​လျှင်၊-

ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​သတ်​ဖြတ်​သည်​ကို​မ​လို​လား သ​ဖြင့်``သူ့​ကို​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​ထုတ်​သွား​ကြ​လော့။ သူ့​ကို​ကယ်​မည့်​သူ​ကို သတ်​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး လေ​သည်။-

ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​ဒါ​ဝိဒ်​ထား ရှိ​သည့်​လှံ​များ​နှင့် ဒိုင်း​လွှား​များ​ကို​အ​စောင့် တပ်​မှူး​တို့​အား​ပေး​အပ်​လေ​သည်။-

သို့​ရာ​တွင်​ဒေါ​သ​ထွက်​၍​သေ​စေ​ရန်​ရည်​ရွယ် ချက်​ဖြင့် လူ​တစ်​ယောက်​ကို​သတ်​သော​သူ​သည်၊ ငါ​၏​ယဇ်​ပလ္လင်​၌​ပင်​ခို​လှုံ​နေ​စေ​ကာ​မူ သူ့​အား​ဆွဲ​ထုတ်​၍​သေ​ဒဏ်​ခံ​စေ​ရ​မည်။

``အ​ချင်း​လူ​သား၊ ယ​ခု​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​လော့။ လက်​ခုပ်​တီး​လော့။ ထို​အ​ခါ​ဋ္ဌား တော်​ကို​နှစ်​ကြိမ်​သုံး​ကြိမ်​ဝှေ့​ယမ်း​လော့။ ထို ဋ္ဌား​သည်​သူ​သတ်​သော​ဋ္ဌား၊ ရက်​စက်​စွာ​သတ် ဖြတ်​သည့်​ဋ္ဌား​ဖြစ်​၏။ သူ​တို့​ကို​အ​ဘက်​ဘက် မှ​ဝိုင်း​ရံ​သတ်​ဖြတ်​လိမ့်​မည်။-

ဘု​ရား​သ​ခင်​က``ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​လော့။ တံ​တိုင်း​များ​ကို​လူ​သေ​ကောင် များ​ဖြင့်​ပြည့်​စေ​ကြ​လော့။ အ​လုပ်​စ​၍ လုပ်​ကြ​လော့။'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍ ထို​သူ​ခြောက်​ယောက်​တို့​သည်​မြို့​တွင်း​ရှိ လူ​တို့​ကို​စ​တင်​သတ်​ဖြတ်​ကြ​၏။

တစ်​မြို့​လုံး​သည်​ရှုပ်​ယှက်​ခတ်​ဖြစ်​လျက် လူ​တို့ သည်​ပြေး​၍​လာ​ပြီး​လျှင်​ပေါ​လု​ကို​ဖမ်း​ဆီး ကာ ဗိ​မာန်​တော်​အ​ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။ ထို​နောက်​ချက်​ချင်း​ဗိ​မာန်​တော်​တံ​ခါး​များ ကို​ပိတ်​လိုက်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ