Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 9:9

Common Language Bible

ထို​အ​ခါ​လူ​တို့​က​ဤ​သူ​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား`အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ကို​စွန့်​၍ အ​ခြား​ဘု​ရား​များ​ထံ​မှီ​ဝဲ​ဆည်း ကပ်​ကြ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​အ​ပေါ်​ဘေး​ဆိုး​ကို​သင့်​ရောက်​စေ​တော်​မူ ခြင်း​ဖြစ်​သည်' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​က``ဒုက္ခ​ပေး​သူ​မှာ​ငါ​မ​ဟုတ်။ ဒုက္ခ​ပေး သူ​များ​မှာ​သင်​နှင့်​သင်​၏​ခ​မည်း​တော်​သာ​လျှင် ဖြစ်​ပါ​သည်။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​တို့​ကို​လွန်​ဆန်​၍ ဗာ​လ​ဘု​ရား​၏​ရုပ်​တု များ​ကို​ရှိ​ခိုး​ဝတ်​ပြု​လျက်​နေ​ပေ​သည်။-

သူ​တို့​သည်​ငါ့​ကို​ပစ်​ပယ်​၍​အ​ခြား​ဘု​ရား များ​အား ယဇ်​ပူ​ဇော်​ကြ​လေ​ပြီ။ သူ​တို့​သည်​ဤ အ​မှု​တို့​ကို​ပြု​ခြင်း​ဖြင့်​ငါ​၏​အ​မျက်​တော် ကို​လှုံ့​ဆော်​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ် မ​ငြိမ်း​နိုင်​သော​ဒေါ​သ​မီး​သင့်​လောင်​စေ​မည်။-

သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​ယု​ဒ​ပြည် နှင့် ယေ​ရု​ရှ​လင်​မြို့​တို့​ကို​အ​မျက်​ထွက်​၍ ပြု​တော်​မူ​သော​အ​မှု​တို့​ကို မြင်​ရ​ကြ​သူ အ​ပေါင်း​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ ကုန်​၏။ ဤ​အ​ဖြစ်​အ​ပျက်​ကို​သင်​တို့​ကောင်း စွာ​သိ​ကြ​၏။-

လူ​တို့​က`ဣသ​ရေ​လ​အမျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား ကို​စွန့်​ပစ်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ထံ​တွင်​ကျေး​ဇူး​သစ္စာ ခံ​လျက်​ထို​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​လေ ပြီ။ ထို​ကြောင့်​ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​အား ဤ​ဘေး​ဒဏ်​ကို​သင့်​စေ​တော်​မူ​ပြီ' ဟု​ဖြေ ဆို​ကြ​လိမ့်​မည်။''

သင်​၏​ဒု​စ​ရိုက်​က​သင့်​ကို​ဒဏ်​ခတ်​လိမ့်​မည်။ သင်​၏​ဖောက်​ပြန်​မှု​က​သင့်​ကို​အ​ပြစ်​ဒဏ် ပေး​ပါ​လိမ့်​မည်။ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​သင် စွန့်​ပစ်​မှု၊ ငါ့​အား​မ​ကြောက်​မ​ရွံ့​တော့​ဘဲ​နေ​သော​အ​မှု​တို့​သည် အ​ဘယ်​မျှ​ဆိုး​ညစ်​မိုက်မဲ​သည်​ကို​သင်​သိ​ရှိ လာ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည်​စ​ကား​ပင်​တည်း။

``ထို​နောက်​လူ​မျိုး​ခြား​အ​များ​ပင် အ​နီး​မှ ဖြတ်​သန်း​သွား​လာ​ကြ​လျက် ဤ​မြို့​တော် ကြီး​ကို​အ​ဘယ်​ကြောင့်​ငါ​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​ဖြို​ဖျက်​စေ​တော်​မူ​ရ​ကြောင်း​ကို သူ တို့​အ​ချင်း​ချင်း​မေး​မြန်း​ကြ​လိမ့်​မည်။-

သင်​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ယဇ် ပူ​ဇော်​ကာ​အ​မိန့်​တော်​များ​ကို​မ​နာ​ခံ သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​သည်​ဖြစ်​၍ ယ​ခု​အ​ခါ​ဤ​ကဲ့​သို့ ပင်​ကပ်​သင့်​ခဲ့​ရ​ကြ​ပေ​သည်''ဟု​ဆို​၏။

ယေ​ရ​မိ၊ ထို​သူ​တို့​သည်​သင့်​အား`အ​ဘယ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​ကြ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​အား`သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပစ်​ကာ မိ​မိ​တို့​ပြည်​၌​ပင်​လူ​မျိုး​ခြား​ဘု​ရား​များ​၏​အ​စေ​ကို​ခံ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​တိုင်း​တစ်​ပါး​တွင်​လူ​မျိုး​ခြား​တို့​၏​အ​စေ​ကို​သင်​တို့​ခံ​ရ​ကြ​လိမ့်​မည်' ဟု​ပြန်​လည်​ဖြေ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​မိ​မိ​တို့​နှင့်​ကြုံ​တွေ့​ရ​သူ​လူ အ​ပေါင်း​တို့​၏​တိုက်​ခိုက်​မှု​ကို​ခံ​ရ​ကြ​၏။ သူ​တို့​၏​ရန်​သူ​များ​က`ထို​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​ကြ​သည်​ဖြစ်​၍ သူ​တို့​အား​ငါ​တို့​ပြု​သည့်​အ​မှု​သည်​မ​မှား။ သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​ကိုယ်​တိုင်​သည်​လည်း​ကိုယ်​တော်​အား သစ္စာ​စောင့်​သင့်​ကြ​ပေ​သည်' ဟု​ဆို​ကြ​၏။

မြို့​ကို​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ကာ​လက်​ခုပ်​တီး​ကြ​၏။ သူ​တို့​သည်​ဦး​ခေါင်း​ကို​ခါ​လျက်​ယေ​ရု​ရှ​လင် မြို့​ပျက်​ကို​ပြက်​ရယ်​ပြု​ကြ​၏။ ``နှစ်​လို​ဖွယ်​ကောင်း​သည့်​မြို့​ကား​ဤ​မြို့​ပေ​လော။ ကမ္ဘာ​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သော​မြို့​ကား ဤ​မြို့​ပေ​လော'' ဟု​ပျက်​ရယ်​ပြု​ကြ​၏။

လယ်​မြေ​များ​တွင်​ကန့်​နှင့်​ဆား​ပေါက်​စေ သ​ဖြင့် တော​ကန္တာရ​အ​တိ​ဖြစ်​လိမ့်​မည်။ မည် သည့်​အ​ပင်​ကို​မျှ​စိုက်​ပျိုး​၍​မ​ရ။ ပေါင်း ပင်​များ​ပင်​လျှင်​မ​ပေါက်​နိုင်။ သင်​တို့​ပြည် သည်​ထာ​ဝ​ရ​ဘု​ရား​ပြင်း​စွာ​အ​မျက် ထွက်​၍ ဖျက်​ဆီး​ခဲ့​သော​သော​ဒုံ​နှင့်​ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​ဇေ​ဘိုင်​မြို့ များ​ကဲ့​သို့​ပျက်​စီး​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ