ရှောလမုန်မင်းသည် ဗိမာန်တော်နှင့်နန်းတော် ကိုတည်ဆောက်ရာတွင် အနှစ်နှစ်ဆယ်တိုင်တိုင် ကြာလေသည်။-
ရှောလမုန်မင်းသည်အီဂျစ်ဘုရင်၏သမီးကို မိဖုရားမြှောက်ခြင်းအားဖြင့် ထိုမင်းနှင့်မဟာ မိတ်ဖွဲ့တော်မူ၏။ ထို့နောက်မိမိတည်ဆောက်လျက် ရှိသည့်နန်းတော်၊ ဗိမာန်တော်နှင့်မြို့ရိုးမပြီးမီ ဒါဝိဒ်မြို့တွင်နေထိုင်ရန်မင်းသမီးအားခေါ် ဆောင်ခဲ့၏။-
ရှောလမုန်မင်းနန်းစံလေးနှစ်မြောက်ဇိဖခေါ် ဒုတိယလ၌ ဗိမာန်တော်ကိုကျောက်မြစ်ချ၍၊-
ရှောလမုန်မင်းနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ခေါ်အဋ္ဌမလ၌ ဗိမာန်တော်ကိုရေးဆွဲထားသည့် ပုံစံအတိုင်းတစ်သဝေမတိမ်းဆောက်လုပ်ပြီး လေသည်။ ယင်းသို့ဆောက်လုပ်မှုမှာခုနစ်နှစ် တိုင်တိုင်ကြာသတည်း။
ရှောလမုန်မင်းသည်မိမိအတွက်နန်းတော်ကို တစ်ဆယ့်သုံးနှစ်နှင့်အပြီးသတ်တည်ဆောက် တော်မူလေသည်။-
ရှောလမုန်မင်းသည်ဗိမာန်တော်၊ နန်းတော်မှ စ၍ဆောက်လုပ်လိုသမျှသော အဆောက်အအုံ များကိုဆောက်လုပ်ပြီးသောအခါ၊-
တုရုဘုရင်ဟိရံသည်ရှောလမုန်၏တည်ဆောက် ရေးအတွက် လိုသမျှသောသစ်ကတိုးသား၊ ထင်း ရှူးသားနှင့်ရွှေကိုပေးပို့လေသည်။ တည်ဆောက် ရေးပြီးဆုံးချိန်၌ရှောလမုန်မင်းသည်ဟိရံ အားဂါလိလဲနယ်မြေရှိမြို့နှစ်ဆယ်ကိုပေး တော်မူ၏။-
သူတို့က`ငါတို့သည်မိုးမြေရှင်ဘုရားသခင်အစေခံများဖြစ်၍ ရှေးနှစ်ပေါင်းများစွာကပင်တန်ခိုးကြီးမားသည့် ဣသရေလဘုရင်တစ်ပါးတည်ဆောက်မွမ်းမံထားခဲ့သည့်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်မွမ်းမံကြခြင်းဖြစ်ပါသည်။-