Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 9:5

Common Language Bible

သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​ဣသ​ရေ​လ​ရာ​ဇ ပလ္လင်​ထက်​စံ​ရ​သော သူ​၏​အ​မျိုး​မင်း​ရိုး​မ​ပြတ် စေ​ရ​ဟု​ငါ​ပေး​ခဲ့​သည့်​က​တိ​အ​တိုင်း​ငါ​ပြု မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​နှင့်​အ​တူ​သင်္ဂြိုဟ် ခြင်း​ကို​ခံ​ရ​သော​အ​ခါ ငါ​သည်​သင်​၏​သား တစ်​ယောက်​ကို​မင်း​မြှောက်​ကာ​သူ​၏​နိုင်​ငံ ကို​တည်​တံ့​ခိုင်​မြဲ​စေ​မည်။-

သင်​၏​အ​မျိုး​အ​နွယ်​သည်​အ​ဘယ်​အ​ခါ ၌​မျှ​မ​တိမ်​ကော​ဘဲ သင်​၏​နိုင်​ငံ​သည်​ထာ​ဝ စဉ်​တည်​လိမ့်​မည်။ သင်​၏​ရာ​ဇ​အာ​ဏာ​စက် သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း သွား​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။

သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​နာ​ခံ​လျှင် ကိုယ် တော်​သည်​ငါ့​အား​ပေး​တော်​မူ​သော​က​တိ တော်​ကို​တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် က`သင်​၏​သား​မြေး​တို့​သည်​ငါ​၏​အ​မိန့် တော်​တို့​ကို​ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ​သ​မျှ​နှင့် တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ရန်​သ​တိ​ပြု သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​တို့​အား ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။

``သင်​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​လျှင် သင့်​ခ​မည်း တော်​ဒါ​ဝိဒ်​အား​ငါ​ပေး​ခဲ့​သည့်​က​တိ အ​တိုင်း​သင့်​အ​တွက်​ငါ​ပြု​မည်။-

ထို​နောက်​မင်း​ကြီး​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပြု​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို​တည် မြဲ​စေ​တော်​မူ​ပြီ။-

``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​က​တိ တော်​ကို​အ​ကောင်​အ​ထည်​ပေါ်​လွင်​စေ​တော်​မူ ပြီ။ ငါ​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော် ကို​တည်​ဆောက်​၍​ပြီး​လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ