၃ ရာ 9:4Common Language Bibleသင်သည်သင်၏ခမည်းတော်ဒါဝိဒ်ကဲ့သို့ရိုးသား ဖြောင့်မတ်စွာ ငါ၏အမှုတော်ကိုထမ်းဆောင်၍ ငါ ၏ပညတ်တော်တို့ကိုစောင့်ထိန်းလျက် ငါ၏ အမိန့်တော်မှန်သမျှကိုလိုက်နာလျှင်၊- အခန်းကိုကြည့်ပါ။ |
အကယ်၍သင်သည်ငါ၏စကားကိုအကြွင်းမဲ့ နားထောင်ကာငါ့ပညတ်တော်တို့ကိုကျင့်သုံး ပြီးလျှင် ငါ၏အစေခံဒါဝိဒ်နည်းတူငါ့အမိန့် တို့ကိုနာခံခြင်းအားဖြင့် ငါနှစ်သက်မြတ်နိုး အောင်ပြုလျှင်သင်နှင့်အတူအစဉ်အမြဲငါ ရှိမည်။ သင့်အားဣသရေလဘုရင်အဖြစ်ခန့် ထားပြီးလျှင် ဒါဝိဒ်၏သားမြေးများအတွက် ငါပြုသကဲ့သို့သင်၏သားမြေးတို့ကိုလည်း သင့်နောက်၌ဧကန်အမှန်ဆက်လက်နန်းစံ စေမည်။-
ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။-
`အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏ခမည်း တော်ဒါဝိဒ်အားသင်၏သားမြေးတို့သည် သင့် ကဲ့သို့ငါ့စကားကိုဂရုပြု၍နားထောင်ကြ လျှင် ဣသရေလပြည်တွင်အဘယ်အခါမျှ သင်၏အမျိုးမင်းရိုးပြတ်ရလိမ့်မည်မဟုတ်' ဟုမိန့်တော်မူခဲ့သည့်ကတိတော်အတိုင်း ယခုပြုတော်မူပါ။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အကယ် ၍သင်သည်ငါ၏ပညတ်တော်တို့ကိုလိုက်နာ ၍ သင့်အားငါပေးအပ်သည့်တာဝန်ဝတ္တရား များကိုဆောင်ရွက်မည်ဆိုပါမူ ငါ၏ဗိမာန် တော်နှင့်ဗိမာန်တော်တံတိုင်းတို့ကိုဆက်လက် စောင့်ထိန်းကြည့်ရှုခွင့်ရလိမ့်မည်။ ငါသည်လည်း မိမိ၏ရှေ့တော်တွင်ရှိသည့်ကောင်းကင်တမန် တို့၏ဆုတောင်းပတ္ထနာများကိုကြားတော် မူသည့်နည်းတူသင်၏ဆုတောင်းပတ္ထနာကို လည်းကြားတော်မူမည်။-