၃ ရာ 8:61Common Language Bibleကိုယ်တော်၏လူမျိုးတော်ဖြစ်သူသင်တို့သည် လည်း အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားသစ္စာစောင့်၍ ယနေ့ကျင့်သကဲ့သို့ ပညတ်တော်များနှင့်အမိန့်တော်မှန်သမျှကို အစဉ်အမြဲလိုက်နာနိုင်ကြပါစေသော'' ဟု မြွက်ဆိုတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။