Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 8:60

Common Language Bible

သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​ဘု​ရား​ဖြစ်​ကြောင်း၊ အ​ခြား​ဘု​ရား​မ​ရှိ ကြောင်း​ကို​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့ သိ​ရှိ​ကြ​ပါ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ လူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​မြေ​ပေါ်​တွင်​လှဲ​ချ​ကာ``ထာ​ဝ​ရ ဘု​ရား​သည်​ဘု​ရား​အ​မှန်​ပင်​ဖြစ်​ပေ​သည်။ ထာ​ဝ​ရ ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​အ​မှန်​ဖြစ် ပါ​သည်​တ​ကား'' ဟု​ကြွေး​ကြော်​ကြ​ကုန်​၏။

သူ​၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော် စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင် တော်​မူ​ပြီး​လျှင်​သူ​ပန်​ကြား​သည့်​အ​တိုင်း​ပြု တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​နည်း​တူ​ကိုယ်​တော် အား​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​ရှင်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​ထား သည့် ဤ​ဗိ​မာန်​တော်​သည်​ကိုယ်​တော်​အား​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ ရှိ​ကြ​ပါ​လိမ့်​မည်။''

အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် ဤ​ဆု​တောင်း​ပတ္ထနာ​နှင့်​ပန်​ကြား​လျှောက်​ထား ချက်​များ​ကို အ​ခါ​ခပ်​သိမ်း​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​သူ​များ​နှင့်​ဘု​ရင်​အား နေ့​စဉ်​လို​အပ်​ချက် များ​နှင့်​အ​ညီ​က​ရု​ဏာ​ပြ​တော်​မူ​ပါ​စေ သော။-

အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သိ​ရှိ​ကြ​စေ​ရန် ယ​ခု​ပင်​အ​ကျွန်ုပ်​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။''

ငါ​သည်​သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ် ရွေး​ကောက်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် မည်။ သင်​တို့​အား​ကျွန်​အ​ဖြစ်​စေ​ခိုင်း​သော အီ​ဂျစ်​အ​မျိုး​သား​တို့​၏​လက်​မှ ငါ​လွတ် မြောက်​စေ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။-

အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကျွန်​တော်​မျိုး​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။ သို့​မှ​သာ​လျှင်​ကိုယ်​တော်​ရှင်​တစ်​ပါး တည်း​သာ​လျှင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပါ လိမ့်​မည်'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။

``ငါ​သည်​သင်​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကယ်​တင်​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​သည့် ထာ​ဝ​ရ​ဘု​ရား​တည်း။ မိုး​ကောင်း​ကင်​ကို​ငါ​တစ်​ပါး​တည်း​ဖြန့်​ကြက်​ခဲ့​၏။ ကမ္ဘာ​မြေ​ကြီး​ကို​ငါ​ဖန်​ဆင်း​သော​အ​ခါ အ​ဘယ်​သူ​မျှ​ငါ့​အား​မ​ကူ​ညီ​ခဲ့​ကြ။

ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စိုး​ရ​၍​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင် အောင် တည်​နေ​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။

အို ငါ​၏​လူ​မျိုး​တော်၊ မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​မှ​စ​၍ ယ​ခု​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​မှန် သ​မျှ​ကို ကြို​တင်​ကြေ​ညာ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။ သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ​ဖြစ် ကြ​ပါ​သည်​တ​ကား။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​ရှိ​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​မျှ​ငါ​မ​ကြား​ဘူး​သည့် တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင်​ရှိ​ပါ​သ​လော။

``ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ငါ့​ထံ​သို့​လာ​၍ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ခံ​ယူ​ကြ​လော့။ တစ်​ဆူ​တည်း​ရှိ​တော်​မူ​သော​ဘု​ရား​ကား ငါ​ပင်​တည်း။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​သည် သင်​တို့​အ​လယ်​၌ ရှိ​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍၊ ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ထို​အ​ခါ​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။

ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း၊ အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို ထို​အ​မှု​တော်​များ​အား​ဖြင့် သင်​တို့​အား​သိ စေ​တော်​မူ​ပြီ။-

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် မြေ​ကြီး​ပေါ်​မှာ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ အ​ခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​အ​စဉ် အ​မြဲ​စွဲ​မှတ်​သ​တိ​ရ​ကြ​လော့။-

ဤ​အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​ကြောင့်​ကမ္ဘာ ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား ၏​တန်​ခိုး​တော်​ကြီး​မား​ပုံ​ကို​သိ​မြင်​ကြ လိမ့်​မည်။ သင်​တို့​သည်​လည်း​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​အ​မြဲ ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်'' ဟု​ဆို​လေ ၏။

ယ​နေ့​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား ငါ​၏​လက်​တွင်​အပ်​နှင်း​တော်​မူ​လိမ့်​မည်။ ငါ သည်​သင့်​ကို​နှိမ်​နင်း​၍​သင်​၏​ဦး​ခေါင်း​ကို ဖြတ်​ပစ်​မည်။ ဖိ​လိတ္တိ​တပ်​သား​တို့​၏​အ​သေ ကောင်​များ​ကို​ငှက်​များ၊ သား​ရဲ​တိရစ္ဆာန်​များ ၏​အ​စာ​ဖြစ်​စေ​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် ဘု​ရား​ရှိ​တော်​မူ​ကြောင်း တစ်​ကမ္ဘာ​လုံး​သိ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ