Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 8:14

Common Language Bible

လူ​အ​ပေါင်း​တို့​သည် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ စဉ် ရှော​လ​မုန်​မင်း​သည်​သူ​တို့​ဘက်​သို့​မျက်​နှာ​မူ ပြီး​လျှင်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​ပူ​ဇော်​ပြီး​သော​အ​ခါ​သူ​သည် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​၏။-

ဒါ​ဝိဒ်​မင်း​သည်​ဤ​သို့​ယဇ်​များ​ကို​ပူ​ဇော် ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး ပေး​ပြီး​လျှင်၊-

မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည်​စု​ပုံ​လျက်​နေ သော​ပစ္စည်း​များ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ချီး​ကူး​ကြ​ကုန်​၏။-

ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထို​နေ​ရာ တွင်​ရပ်​လျက်​နေ​ကြ​၏။ မင်း​ကြီး​သည်​သူ​တို့ ဘက်​သို့​မျက်​နှာ​မူ​ပြီး​လျှင် သူ​တို့​အား​ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​ရန်​တောင်း​လျှောက်​တော် မူ​၏။-

ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​အ​တွက် သတ်​မှတ်​ထား​သည့်​နေ​ရာ​တွင်​ရပ်​လျက်​နေ ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယဇ်​ပု​ရော ဟိတ်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​ရပ်​လျက် ဒါ​ဝိဒ် မင်း​ပြု​လုပ်​ခဲ့​သော​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ဒါ​ဝိဒ်​မင်း​စီ​မံ​ခဲ့​သည့်​အ​တိုင်း``ကိုယ်​တော် ၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟူ သော​ဋ္ဌမ္မ​သီ​ချင်း​ကို​သီ​ဆို​ကြ​လေ​သည်။ လူ​အ​ပေါင်း​တို့​ရပ်​လျက်​နေ​စဉ်​ယဇ်​ပု​ရော ဟိတ်​တို့​သည်​တံ​ပိုး​ခရာ​များ​ကို​မှုတ်​ကြ​၏။

ထို​နောက်​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​တွင်​ထ ၍​ရပ်​ကြ​၏။ ထို​အ​ခါ​သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​ဖြစ်​ကြ​သော​ယော​ရှု၊ ဗာ​နိ၊ ရှေ ရ​ဘိ၊ ယာ​မိန်၊ အက္ကုပ်၊ ရှဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်​နှင့်​ပေ​လာ​ယ​တို့​က​ပ​ညတ်​ကျမ်း စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​ပြ​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​၏​အ​ခွင့်​နှင့်​ကြွ​လာ​သော​သူ​အား ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​မှ​နေ​၍ ကိုယ်​တော်​ကို​ကောင်း​ချီး​ပေး​ပါ​၏။

လူ​အ​ပေါင်း​တို့​သည်၊ တဲ​တော်​ဝ​၌​တိမ် တိုက်​ကို​မြင်​ရ​လျှင်၊ ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-

အ​ထံ​တော်​သို့​လာ​ရောက်​ကြ​သည့်​လူ​ပ​ရိ​သတ် မှာ​များ​လှ​သ​ဖြင့် ကိုယ်​တော်​သည်​လှေ​ပေါ်​သို့ တက်​၍​ထိုင်​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​က​ကမ်း ခြေ​တွင်​ရပ်​လျက်​နေ​ကြ​၏။-

ထို​နောက်​ယော​ရှု​က``သင်​တို့​သည်​သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​ဝတ်​တန်​ဆာ​မြောက် မြား​စွာ​တို့​ကို​ရန်​သူ​တို့​ထံ​မှ​သိမ်း​ယူ ရ​ရှိ​ကြ​ပြီ။ သင်​တို့​နေ​ရပ်​သို့​ပြန်​ရောက် သော​အ​ခါ ထို​ပစ္စည်း​ဥစ္စာ​များ​ကို​သင်​တို့ ၏​ဆွေ​မျိုး​သား​ချင်း​တို့​အား​ဝေ​မျှ​ကြ လော့'' ဟု​ဆို​၍​ကောင်း​ချီး​ပေး​လျက်​သူ တို့​ကို​ပြန်​စေ​၏။ ထို​နောက်​သူ​တို့​သည် မိ​မိ​တို့​၏​နေ​ရပ်​သို့​ပြန်​သွား​ကြ​လေ သည်။ မော​ရှေ​သည်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့ အား​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​နယ်​မြေ ကို​ခွဲ​ဝေ​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယော​ရှု​သည် ကျန်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား အ​ခြား ဣ​သ​ရေ​လ​အ​နွယ်​တို့​နှင့်​အ​တူ​နေ​ထိုင်​ရန် ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​နယ်​မြေ​ကို ခွဲ​ဝေ​ပေး​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ