၃ ရာ 8:13Common Language Bibleယခုအခါကျွန်ုပ်သည်ကိုယ်တော်၏အတွက် ဗိမာန်တော်၊ကိုယ်တော်ထာဝစဉ်စံတော်မူရန်၊ ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟု ဆုတောင်းပတ္ထနာပြုတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
ကိုယ်တော်က``အချင်းလူသား၊ ဤအရပ် တွင်ငါ၏ရာဇပလ္လင်ရှိ၏။ ငါ၏ခြေနင်း ရာနေရာဖြစ်၏။ ငါသည်ဤအရပ်တွင် ဣသရေလအမျိုးသားတို့နှင့်အတူ ကျိန်းဝပ်တော်မူ၍သူတို့အားထာဝစဉ် အုပ်စိုးတော်မူမည်။ ဣသရေလအမျိုး သားများဖြစ်စေ၊ သူတို့၏ဘုရင်များ ဖြစ်စေ၊ ဝိညာဉ်ဆိုင်ရာပြည့်တန်ဆာ လုပ်ငန်းဖြင့်လည်းကောင်း၊ ဘုရင်တို့၏ အလောင်းများကိုမြင့်သောအရပ်များ တွင် ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော် ကိုနောက်တစ်ဖန်မရှုတ်ချရ။-