Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 7:26

Common Language Bible

ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍​အ​ပေါ် အ​နား​မှာ ဖ​လား​အ​နား​ကဲ့​သို့​ကြာ​ပွင့်​ချပ် သဏ္ဌာန်​ရှိ​လေ​သည်။ ထို​ရေ​ကန်​သည်​ဂါ​လံ​တစ် သောင်း​ဝင်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သစ်​က​တိုး​သား​ပျဉ်​များ​တွင်​အ​သီး​အ​ပွင့်​ပုံ များ​ထု​လုပ်​ခြယ်​လှယ်​ထား​လေ​သည်။ ကျောက် နံ​ရံ​ကို​မ​မြင်​နိုင်​စေ​ရန် ဗိ​မာန်​တော်​အ​တွင်း ပိုင်း​တစ်​ခု​လုံး​ကို​သစ်​က​တိုး​သား​ဖြင့်​ဖုံး အုပ်​ထား​သ​တည်း။

တံ​ခါး​ရွက်​များ​၌​ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင် နှင့်​ပန်း​ပွင့်​ပုံ​များ​ကို​ထု​လုပ်​ထား​၏။ တံ​ခါး​ရွက် များ၊ ခေ​ရု​ဗိမ်​ရုပ်​များ​နှင့်​စွန်​ပ​လွံ​ပင်​ပုံ​များ ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား​၏။-

ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့်​ပုံ​များ ထု​လုပ်​၍ ပုံ​လုံး​ပေါ်​ရွှေ​ဖြင့်​မွမ်း​မံ​လေ​၏။

တိုင်​ထိပ်​အုပ်​များ​ကို အ​မြင့်​ခြောက်​ပေ​ရှိ​သည့် ကြာ​ပွင့်​ပုံ​သဏ္ဌာန်​ပြု​လုပ်​၍၊-

ရေ​ကန်​ကို​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင်​ကျ အ​ပြင်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ပေါ်​တွင် တင်​ထား​၏။-

ဟိ​ရံ​သည် ကြေး​ဝါ​လက်​တွန်း​လှည်း​ဆယ်​စီး​ကို လည်း​ပြု​လုပ်​၏။ ထို​လှည်း​တို့​သည်​အ​လျား​ခြောက် ပေ၊ အ​နံ​ခြောက်​ပေ​နှင့်​အ​မြင့်​လေး​ပေ​ခွဲ​စီ​ရှိ ကြ​၏။-

ဟိ​ရံ​သည်​လှည်း​တစ်​စီး​လျှင်​အင်​တုံ​တစ်​လုံး ကျ​ဖြင့် အင်​တုံ​ဆယ်​လုံး​ကို​လည်း​သွန်း​လုပ်​၏။ အင်​တုံ​တစ်​လုံး​လျှင်​အ​ချင်း​ခြောက်​ပေ​ရှိ​၍ ဂါ​လံ​နှစ်​ရာ​ဝင်​လေ​သည်။-

ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍ ယင်း ၏​အ​ပေါ်​အ​နား​သည်​ဖ​လား​နှုတ်​ခမ်း​ကဲ့​သို့ ပန်း​ပွင့်​ချပ်​သဏ္ဌာန်​အ​ပြင်​သို့​ခုံး​တက်​နေ​လေ သည်။ ထို​ရေ​ကန်​သည်​ရေ​ဂါ​လံ​တစ်​သောင်း ငါး​ထောင်​မျှ​ဝင်​သ​တည်း။-

စား​ပွဲ​ပတ်​လည်​တွင်​သုံး​လက်​မ​ဗြက်​ရှိ​သော ဘောင်​တပ်​၍​အ​နား​ကို​ရွှေ​ကွပ်​ရ​မည်။-

တိုင်​ကြီး​နှစ်​လုံး​သည်​ဆင်​တူ​ဖြစ်​၍​အ​မြင့် နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ်​တစ်​ဆယ့်​ရှစ်​ပေ ရှိ​၏။ ထို​တိုင်​တို့​သည်​ခေါင်း​ပွ​ဖြစ်​၍​ဒု​သုံး လက်​မ​ရှိ​လေ​သည်။ ကြေး​ဝါ​တိုင်​ထိပ်​ပိုင်း များ​သည်​အ​မြင့်​ပေ​ခု​နစ်​ပေ​ခွဲ​စီ​ရှိ​၍ ယင်း တို့​၏​ပတ်​လည်​တွင်​သ​လဲ​သီး​များ​နှင့်​တန် ဆာ​ဆင်​ထား​သော​ကွန်​ရွက်​များ​ရှိ​၏။ ယင်း တို့​အား​လုံး​ကို​ကြေး​ဝါ​များ​နှင့်​ပြု​လုပ် ထား​၏။-

``ကုန်​ခြောက်​ကို​ခြင်​တွယ်​သည့်​ဧ​ဖာ​သည် အရည်​ကို​ခြင်​တွယ်​သည့်​ဗတ်​နှင့်​တူ​ညီ​ရ​မည်။ ဟောမဲ​ကို​အ​မှီ​ပြု​၍​ခြင်​တွယ်​ရ​သည်။ တစ်​ဟော​မဲ​တွင်​တစ်​ဆယ်​ဧ​ဖာ​သို့​မ​ဟုတ် တစ်​ဆယ်​ဗက်​ရှိ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ