ရေကန်ကိုအရပ်တစ်မျက်နှာလျှင်သုံးကောင်ကျ အပြင်သို့မျက်နှာမူလျက်နေသည့်ကြေးဝါ နွားတစ်ဆယ့်နှစ်ကောင်၏ကျောကုန်းပေါ်တွင် တင်ထား၏။-
ရေကန်ဘောင်သည်ထုသုံးလက်မရှိ၍အပေါ် အနားမှာ ဖလားအနားကဲ့သို့ကြာပွင့်ချပ် သဏ္ဌာန်ရှိလေသည်။ ထိုရေကန်သည်ဂါလံတစ် သောင်းဝင်သတည်း။
အာခတ်မင်းသည်ဗိမာန်တော်တွင်အသုံးပြု သည့်ကြေးဝါလှည်းတို့ကိုယူ၍ ယင်းတို့အပေါ် ရှိအင်တုံများကိုဖယ်ရှားလိုက်လေသည်။ သူ သည်ကြေးဝါနွားလားဥသဘရုပ်တစ်ဆယ့် နှစ်ကောင်၏ကျောက်ကုန်းထက်မှ ကြေးဝါကန် များကိုလည်းယူ၍အောက်ခံကျောက်ပေါ်တွင် ထားရှိလေသည်။-
ဗိမာန်တော်အတွက်ရှောလမုန်မင်းပြု လုပ်ခဲ့သောကြေးဝါပစ္စည်းများဖြစ်သည့် တိုင်ကြီးနှစ်လုံး၊ အောက်ခံခုံများ၊ ရေကန် ကြီးနှင့်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ခု တို့သည်ချိန်တွယ်၍မရအောင်ပင်လေးလံ ပေသည်။-
ထိုသတ္တဝါတစ်ပါးစီ၌ရှိသောမျက်နှာလေးခုတို့သည် တစ်ခုနှင့်တစ်ခုမတူကြ။ ရှေ့ဘက်တွင်လူမျက်နှာ၊ လက်ယာဘက်တွင်ခြင်္သေ့မျက်နှာ၊ လက်ဝဲဘက်တွင်နွားမျက်နှာ၊ နောက်ဘက်တွင်လင်းယုန်မျက်နှာရှိ၏။-
သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။-
မောရှေ၏ပညတ်ကျမ်းတွင် ``စပါးနယ်သည့် နွားကိုပါးချုပ်တတ်၍မထားရ'' ဟုပါရှိ၏။ ဤသို့မိန့်တော်မူရာ၌ဘုရားသခင်သည် နွားအတွက်မိန့်တော်မူသလော။-