ထိုတိုင်ကြီးတို့တွင်ကြာပွင့်ပုံသဏ္ဌာန်တိုင် ထိပ်အုပ်များရှိလေသည်။ သို့ဖြစ်၍တိုင်ကြီး များသွန်းလုပ်သည့်လုပ်ငန်းမှာပြီးဆုံး သတည်း။
တိုင်ထိပ်အုပ်များကို အမြင့်ခြောက်ပေရှိသည့် ကြာပွင့်ပုံသဏ္ဌာန်ပြုလုပ်၍၊-
ဟိရံသည်ဤကြေးဝါတိုင်ကြီးနှစ်လုံးကို ဗိမာန်တော်အဝင်ဝရှေ့၌စိုက်ထူထားပြီး လျှင် တောင်ဘက်တိုင်ကိုယာခိန်၊ မြောက်ဘက်တိုင် ကိုဗောဇဟူ၍လည်းကောင်းနာမည်မှည့်၏။-
ဟိရံသည်အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့် ငါးပေ၊ အဝန်းလေးဆယ့်ငါးပေရှိသောကြေး ဝါရေကန်ဝိုင်းကိုသွန်းလုပ်၏။-