၃ ရာ 7:21Common Language Bibleဟိရံသည်ဤကြေးဝါတိုင်ကြီးနှစ်လုံးကို ဗိမာန်တော်အဝင်ဝရှေ့၌စိုက်ထူထားပြီး လျှင် တောင်ဘက်တိုင်ကိုယာခိန်၊ မြောက်ဘက်တိုင် ကိုဗောဇဟူ၍လည်းကောင်းနာမည်မှည့်၏။- အခန်းကိုကြည့်ပါ။ |
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
အသင်းတော်၏မဏ္ဍိုင်များဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့်ယောဟန်တို့ကငါ့ အားဘုရားသခင်ပေးတော်မူသောအခွင့် ထူးကို အသိအမှတ်ပြုကြပေသည်။ သို့ ဖြစ်၍ငါတို့အားလုံးသည်လုပ်ဖော်ကိုင် ဘက်များဖြစ်ကြောင်းကိုပြသည့်အနေ ဖြင့် သူတို့သည်ဗာနဗနှင့်ငါ့အားလက် ဆွဲ၍နှုတ်ဆက်ကြ၏။ ငါတို့ကလူမျိုး ခြားတို့ထံတွင်အမှုတော်ဆောင်ရန်နှင့် သူတို့ကယုဒအမျိုးသားတို့ထံတွင် အမှုတော်ဆောင်ရန်သဘောတူကြသည်။-
အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။
နောမိက``သင်သည်ယနေ့အဘယ်မှာကောက် သင်းကောက်ခဲ့ပါသနည်း။ မည်သူ့လယ်တွင် ကောက်ခဲ့ပါသနည်း။ ဘုရားသခင်သည် သင့် ကိုကြည့်ရှုသူအားကောင်းချီးပေးတော် မူပါစေသော'' ဟုဆို၏။ သို့ဖြစ်၍ရုသသည်ဗောဇအမည်ရှိသူလူ တစ်ဦး၏လယ်တွင် မိမိကောက်သင်းကောက်ခဲ့ ကြောင်းကိုနောမိအားပြောပြလေသည်။