Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 5:6

Common Language Bible

သို့​ဖြစ်​၍​ကျွန်ုပ်​အ​တွက်​သစ်​က​တိုး​ပင် များ​ကို​ခုတ်​လှဲ​ပေး​ရန် လေ​ဗ​နုန်​တော​သို့ အ​ဆွေ​တော်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​စေ လို​ပါ​သည်။ ကျွန်ုပ်​အ​စေ​ခံ​များ​သည်​လည်း ကူ​ညီ​စေ​ပါ​မည်။ အ​ဆွေ​တော်​ဆုံး​ဖြတ် သည့်​အ​ခ​ကြေး​ငွေ​ကို​ကျွန်ုပ်​ပေး​ပါ​မည်။ အ​ဆွေ​တော်​သိ​သည့်​အ​တိုင်း ကျွန်ုပ်​၏​လူ တို့​သည်​အ​ဆွေ​တော်​၏​လူ​တို့​ကဲ့​သို့​သစ် ခုတ်​မှု​တွင်​မ​ကျွမ်း​ကျင်​ကြ​ပါ'' ဟု​မှာ ကြား​လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​၏​သား​ဦး​ဇိ​ဒုန်​နှင့်​သား​ဟေ​သ​တို့​သည် သူ​တို့​၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့ ၏​ဖ​ခင်​များ​ဖြစ်​ကြ​သည်။-

ရှော​လ​မုန်​သည်​စစ်​ရ​ထား​တစ်​ထောင့်​လေး​ရာ​နှင့် မြင်း​ကောင်​ရေ​တစ်​သောင်း​နှစ်​ထောင်​ရှိ​သော​တပ်​ကို ဖွဲ့​စည်း​ပြီး​နောက် အ​ချို့​ကို​ယေ​ရု​ရှ​လင်​မြို့​တွင် လည်း​ကောင်း၊ အ​ချို့​ကို​အ​ခြား​မြို့​တို့​တွင်​လည်း ကောင်း​စ​ခန်း​ချ​၍​ထား​တော်​မူ​၏။-

ရှော​လ​မုန်​မင်း​မှာ​ကြား​သော​စ​ကား​ကို ကြား​ရ​သော​အ​ခါ ဟိ​ရံ​မင်း​သည်​လွန်​စွာ အား​ရ​နှစ်​သက်​သ​ဖြင့်``ဤ​သို့​ကြီး​မား​သည့် နိုင်​ငံ​တော်​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ် အား​ဤ​မျှ​ပ​ညာ​ရှိ​သော​သား​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ယ​နေ့​ထော မ​နာ​ပြု​ကြ​လော့'' ဟု​မြွက်​ဆို​တော်​မူ​၏။-

အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​တွင် သော​ဗိ​မာန်​တော်​အ​တွင်း​ခန်း​သည် အ​လျား ပေ​သုံး​ဆယ်​ရှိ​၍​ယင်း​ကို​သစ်​က​တိုး​သား ပျဉ်​များ​ဖြင့်​မျက်​နှာ​ကျက်​အ​ထိ​ကာ​ရံ ထား​၏။-

ထို​အ​ခန်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အနံ​ပေ သုံး​ဆယ်၊ အ​မြင့်​ပေ​သုံး​ဆယ်​ရှိ​၍ ယင်း​ကို​ရွှေ စင်​ဖြင့်​မွမ်း​မံ​ထား​လေ​သည်။ ယဇ်​ပလ္လင်​ကို​မူ သစ်​က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​၏။-

ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​များ၊ စစ်​ရ​ထား များ၊ စ​ခန်း​မြို့​များ​ကို​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်​ပေါ်​နှင့်​နိုင်​ငံ​တော် အ​တွင်း​အ​ခြား​ဒေ​သ​များ​တွင် မိ​မိ​ဆောက် လုပ်​လို​သ​မျှ​သော​အ​ဆောက်​အ​အုံ​များ​ကို လည်း​ကောင်း​ချွေး​တပ်​ဖြင့်​ပင်​တည်​ဆောက်​တော် မူ​၏။-

ဟိ​ရံ​မင်း​သည်​လည်း​အ​လုပ်​ရည်​ဝ​သည့်​သင်္ဘော သား​အ​ချို့​ကို ရှော​လ​မုန်​၏​လူ​တို့​နှင့်​အ​တူ အ​မှု​ထမ်း​ရန်​ပေး​ပို့​တော်​မူ​၏။-

တု​ရု​နှင့်​ဇိ​ဒုန်​မြို့​များ​မှ​လူ​တို့​အား အာ​ရဇ် သစ်​အ​မြောက်​အ​များ​ကို​လည်း​အ​ထံ​တော် သို့​ယူ​ဆောင်​လာ​စေ​တော်​မူ​၏။-

ထို​နောက်​သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​လေး ရာ​နှင့် တိုက်​မြင်း​တစ်​သောင်း​နှစ်​ထောင်​ရှိ​သော တပ်​မ​တော်​ကို​ဖွဲ့​စည်း​တော်​မူ​ပြီး​လျှင် အ​ချို့ ကို​ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​အ​ခြား​မြို့​များ​၌​လည်း​ကောင်း​ထား​ရှိ တော်​မူ​၏။-

ကျွန်ုပ်​သည်​အ​ဆွေ​တော်​၏​အလုပ်​သ​မား များ​အ​တွက်​ရိက္ခာ​အ​ဖြစ်​ဖြင့်​ဂျုံ​တင်း​တစ် သိန်း၊ မု​ယော​ဆန်​တင်း​တစ်​သိန်း၊ စ​ပျစ်​ရည် ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​နှင့်​သံ​လွင်​ဆီ ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​ကို​ပေး​ပို့​ပါ မည်'' ဟု​မှာ​ကြား​တော်​မူ​လိုက်​၏။

အ​ဆွေ​တော်​၏​သစ်​ခုတ်​သ​မား​များ​သည် အ​ဘယ်​မျှ​ကျွမ်း​ကျင်​သည်​ကို​ကျွန်ုပ်​သိ​ပါ​၏။ သို့​ဖြစ်​၍​လေ​ဗ​နုန်​တော​မှ​သစ်​က​တိုး၊ ထင်း ရှူး​နှင့်​အာ​လ​ဂုံ​သစ်​များ​ကို​ပေး​ပို့​စေ​လို ပါ​သည်။ ကျွန်ုပ်​တည်​ဆောက်​ရန်​ကြံ​ရွယ်​သည့် ဗိ​မာန်​တော်​သည်​ကြီး​ကျယ်​ခမ်း​နား​မည်​ဖြစ် ၍​သစ်​သား​အ​မြောက်​အ​မြား​ကို​ရွေး​ရာ​တွင် အ​ဆွေ​တော်​၏​လူ​တို့​အား​ဝိုင်း​ဝန်း​ကူ​ညီ ရန်​ကျွန်ုပ်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​ပါ​မည်။-

ပြည်​သူ​တို့​သည်​ပန်း​ရန်​များ​နှင့်​လက်​သ​မား များ​ကို​ပေး​ချေ​ရန်​ငွေ​ပေး​လှူ​ကြ​၏။ ပေ​ရ​သိ ဘု​ရင်​ကု​ရု​မင်း​ခွင့်​ပြု​ချက်​အ​ရ​လေ​ဗ​နုန် တော​မှ သစ်​က​တိုး​များ​ကို ယုပ္ပေ​ဆိပ်​အ​ရောက် စုံ​မျော​စေ​ခြင်း​ငှာ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​သား များ​ထံ​သို့​အ​စား​အ​စာ၊ စ​ပျစ်​ရည်​နှင့် သံ​လွင်​ဆီ​တို့​ကို​ပေး​ပို့​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​ကြောင့် အာ​ရဇ်​ပင်​တို့​သည်​ကျိုး​ကျ​ကုန်​၏။ လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​တို့​ပင်​လျှင် ကျိုး​ကျ​ကုန်​၏။

ငါ​က​သူ​တို့​အား``သင်​တို့​ပေး​လို​လျှင်​ငါ​၏ လုပ်​အား​ခ​ကို​ပေး​ကြ​လော့။ မ​ပေး​လို​လျှင် လည်း​နေ​ကြ​တော့'' ဟု​ပြော​၏။ သို့​ဖြစ်​၍​သူ တို့​သည်​ငါ့​လုပ်​အား​ခ​အ​ဖြစ်​ငွေ​စ​သုံး ဆယ်​ကို​ပေး​ကြ​၏။

အ​ဘယ်​သူ​ကို​မျှ​လက်​စား​မ​ချေ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တင့်​တယ်​လျောက်​ပတ် စွာ​ပြု​ကျင့်​ကြ​လော့။-

ခ​ရစ်​တော်​ချ​ပေး​တော်​မူ​သည်​အ​တိုင်း​ငါ​တို့ တစ်​ဦး​စီ​သည်​ထူး​မြတ်​သည့်​ဆု​ကျေး​ဇူး​ကို ခံ​စား​ကြ​ရ​ပေ​သည်။-

ဘု​ရင်​သည်​သူ​၏​တပ်​မ​တော်​အ​တွက်​မြင်း မြောက်​မြား​စွာ​မ​ထား​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​က မိ​မိ​၏​လူ​မျိုး​ကို​အီ​ဂျစ်​ပြည် သို့​ပြန်​မ​သွား​ရ​ဟု​အ​မိန့်​တော်​ရှိ​သော ကြောင့် ဘု​ရင်​သည်​မြင်း​ဝယ်​ရန်​လူ​များ ကို​ထို​ပြည်​သို့​မ​စေ​လွှတ်​ရ။-

ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပြော​ရ လျှင် သင်​တို့​သည်​မှန်​ကန်​သော​အ​ရာ၊ မွန်​မြတ် သော​အ​ရာ၊ လျောက်​ပတ်​သော​အ​ရာ၊ ဖြူ​စင် သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​သ​ရေ ရှိ​သော​အ​ရာ​တည်း​ဟူ​သော​ကောင်း​မြတ်​၍ ချီး​မွမ်း​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ