၃ ရာ 5:5Common Language Bibleထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။- အခန်းကိုကြည့်ပါ။ |
ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ မြို့ထဲ မှထွက်၍လက်နက်ချကြရန် သင်တို့အားအာရှုရိ ဧကရာဇ်ဘုရင်အမိန့်တော်ရှိ၏။ သင်တို့အား ဧကရာဇ်ဘုရင်သည်သင်တို့၏ပြည်နှင့်တူသည့် ပြည်၊ ဆန်စပါး၊ စပျစ်ရည်သစ်နှင့်ပြည့်စုံသော ပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်ရှိသောပြည်၊ သံလွင် ဆီနှင့်ပျားရည်ရှိသောပြည်သို့မပို့ဆောင်မီ အတောအတွင်း၌ သင်တို့သည်မိမိတို့၏ စပျစ်ပင်များနှင့်သင်္ဘောသဖန်းပင်များမှ အသီးများကိုစားကြ၍ မိမိတို့၏ရေတွင်း များမှရေကိုလည်းသောက်သုံးခွင့်ရလိမ့်မည်။ ဧကရာဇ်မင်းအမိန့်ရှိသည်အတိုင်းလိုက် နာပါလျှင် သင်တို့သည်သေရကြမည်မဟုတ်။ အသက်ရှင်ခွင့်ရရှိကြလိမ့်မည်။ ထာဝရ ဘုရားသည်ငါတို့ကိုကယ်ဆယ်တော်မူနိုင် သည်ဟု သင်တို့ထင်မှတ်စေရန်ဟေဇကိ လှည့်စားသည်ကိုနားမထောင်ကြနှင့်။-
မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-