Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 22:52

Common Language Bible

သူ​သည်​ခ​မည်း​တော်​အာဟပ်​နှင့်​မယ်​တော်​ယေ​ဇ ဗေ​လ​၏​စံ​န​မူ​နာ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​စေ​ရန် ရှေ့​ဆောင် လမ်း​ပြ​ခဲ့​သူ ယေ​ရော​ဗောင်​မင်း​၏​စံ​န​မူ​နာ ကို​လည်း​ကောင်း​ယူ​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကဲ့​သို့​ပင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​လေ သည်။

ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​လေ​သည်။

(ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် အာ​ဟပ်​ကဲ့ သို့​ဒု​စ​ရိုက်​ကို​လွန်​ကဲ​စွာ​ပြု​သူ​တစ်​ယောက်​မျှ မ​ရှိ။ သူ​ပြု​သော​အ​မှု​အ​ရာ​မှန်​သ​မျှ​မှာ​မိ ဖု​ရား​ယေ​ဇ​ဗေ​လ​၏​တိုက်​တွန်း​ချက်​အ​ရ ဖြစ်​သည်။-

အာ​ဟပ်​ကွယ်​လွန်​သော​အ​ခါ​သား​တော်​အာ​ခ​ဇိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

သို့​ရာ​တွင်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​နေ​ဗတ် ၏​သား​ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​စေ​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ပေး​လေ​သည်။ ထို​သို့​အ​ပြစ် ကူး​လွန်​မှု​ကို​အ​မြဲ​ပြု​၏။

အာ​ခ​ဇိ​သည်​အာ​ဟပ်​မင်း​နှင့်​အိမ်​ထောင်​ရေး အ​ရ​ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် အာ​ဟပ်​မင်း​အိမ် ထောင်​စု​နည်း​တူ​ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား လေ​သည်။

ယော​ရံ​က``သင်​သည်​ငြိမ်း​ချမ်း​စွာ​လာ သ​လော'' ဟု​မေး​တော်​မူ​၏။ ယေ​ဟု​က``သင်​၏​မိ​ခင်​ယေ​ဇ​ဗေ​လ​စ​တင် ကျင့်​သုံး​ခဲ့​သည့် စုန်း​အ​တတ်​နှင့်​ရုပ်​တု​ကိုး ကွယ်​မှု​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး အ​ဘယ် မှာ​ငြိမ်း​ချမ်း​မှု​ရှိ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။

မယ်​တော်​က​မ​ကောင်း​သော​အ​ကြံ​ဉာဏ်​များ ကို​ပေး​သ​ဖြင့် အာ​ခ​ဇိ​သည်​အာ​ဟပ်​မင်း​အိမ် ထောင်​စု​သား​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ​သည်။-

သူ​ငယ်​မ​သည်​မင်း​ကြီး​၏​ထံ​မှ​ထွက်​သွား​ကာ မိ​ခင်​အား ``ကျွန်​မ​သည်​အ​ဘယ်​အ​ရာ​ကို တောင်း​ခံ​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ မိ​ခင်​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို​တောင်း လော့'' ဟု​ဆို​၏။

နား​ထောင်​လော့။ ငါ​သည်​တံ​ခါး​ရှေ့​တွင်​ရပ်​၍ တံ​ခါး​ခေါက်​လျက်​နေ​၏။ ငါ​၏​အ​သံ​ကို​ကြား ၍​တံ​ခါး​ကို​ဖွင့်​သော​သူ​၏​အိမ်​သို့​ငါ​ဝင်​ပြီး လျှင်​သူ​နှင့်​အ​တူ​စား​သောက်​မည်။ သူ​သည် လည်း​ငါ​နှင့်​အ​တူ​စား​သောက်​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ