ယုဒဘုရင်ယောရှဖတ်၏ နန်းစံတစ်ဆယ့်ခုနစ် နှစ်မြောက်၌အာဟပ်၏သားတော်အာခဇိသည် ဣသရေလပြည်တွင်နန်းတက်၍ရှမာရိမြို့ ၌နှစ်နှစ်မျှနန်းစံလေသည်။-
နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယ လတစ်ဆယ့်ခုနစ်ရက်နေ့၌သမုဒ္ဒရာစမ်းပေါက် တို့ပွင့်လေ၏။ မိုးကောင်းကင်ရေတံခါးအားလုံး တို့လည်းပွင့်သဖြင့်၊-
ယုဒဘုရင်အာသနန်းစံဒုတိယနှစ်၌ ယေရော ဗောင်မင်း၏သားတော်နာဒဒ်သည် ဣသရေလ ပြည်တွင်နန်းတက်၍နှစ်နှစ်မျှနန်းစံတော်မူ၏။-
ဒါဝိဒ်ကွယ်လွန်သောအခါ သူ့ကိုယေရုရှလင် မြို့တွင်သင်္ဂြိုဟ်ကြ၏။-
အာဟပ်ကွယ်လွန်သောအခါသားတော်အာခဇိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
ဧလိယဆင့်ဆိုသောထာဝရဘုရား၏ဗျာ ဒိတ်တော်အတိုင်း အာခဇိသည်ကွယ်လွန်လေ၏။ အာခဇိတွင်သားတော်မရှိသဖြင့်ညီတော် ယောရံသည် ယောရှဖတ်၏သားယုဒဘုရင် ယဟောရံ၏နန်းစံဒုတိယနှစ်၌နန်းတက် လေသည်။
ဣသရေလဘုရင်အာဟပ်၏သားတော်ယောရံ ၏နန်းစံငါးနှစ်မြောက်၌ ယောရှဖတ်၏သားတော် ယဟောရံသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၏။ သူ သည်ယေရုရှလင်မြို့တွင်ရှစ်နှစ်မျှနန်းစံရ၏။-