Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 22:37

Common Language Bible

ဤ​သို့​ဖြင့်​အာ​ဟပ်​မင်း​သည်​ကွယ်​လွန်​လေ​သည်။ သူ​၏​အ​လောင်း​ကို​ရှ​မာ​ရိ​မြို့​သို့​ယူ​ဆောင် ပြီး​လျှင်​သင်္ဂြိုဟ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ရှ​မာ​ရိ​တောင်​ကို​ရှ​မေ​ရ​ဆို​သူ​ထံ​မှ​ငွေ သား​ခြောက်​ထောင်​နှင့်​ဝယ်​ယူ​တော်​မူ​၏။ သြ​မ​ရိ သည်​ထို​တောင်​ကို​တံ​တိုင်း​ကာ​ရံ​ကာ​မြို့​တည် ပြီး​မှ တောင်​ပိုင်​ရှင်​ဟောင်း​ရှ​မေ​ရ​၏​နာ​မည် ကို​အ​စွဲ​ပြု​၍​ရှ​မာ​ရိ​မြို့​ဟု​သ​မုတ်​တော် မူ​၏။

ပရော​ဖက်​က​လည်း``ထာ​ဝ​ရ​ဘု​ရား​က`ရန်​သူ ကို​သတ်​ရန် ငါ​အ​မိန့်​ပေး​ထား​သော်​လည်း​သူ့ ကို​လွှတ်​ပစ်​လိုက်​သည့်​အ​တွက် ထို​သူ​၏​အ​သက် အ​စား​သင်​၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သင် ၏​တပ်​မ​တော်​သည်​လည်း​ထို​ရန်​သူ​၏​တပ်​မ တော်​ကို​ထွက်​ပြေး​ခွင့်​ပြု​သည့်​အ​တွက် သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​မည်' ဟု​မိန့်​တော် မူ​ပါ​၏'' ဟု​မင်း​ကြီး​အား​ဆင့်​ဆို​ပါ​၏။

နေ​ဝင်​ချိန်​နီး​သော​အ​ခါ``လူ​တိုင်း​ကိုယ့်​ပြည်၊ ကိုယ့်​မြို့​ရွာ​များ​သို့​ပြန်​ကြ​ကုန်​အံ့'' ဟူ​သော ဟစ်​သံ​သည်​ဣ​သ​ရေ​လ​တပ်​တစ်​တပ်​လုံး သို့​ရောက်​ရှိ​လာ​လေ​သည်။

သူ​၏​ရ​ထား​ကို​ပြည့်​တန်​ဆာ​တို့​ရေ​ချိုး​လေ့​ရှိ သည့်​ရှ​မာ​ရိ​ရေ​ကန်​တွင်​ဆေး​ကြော​ကြ​၏။ ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခွေး​တို့ သည်​လာ​၍​သူ​၏​သွေး​ကို​လျက်​ကြ​ကုန်​၏။

သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက် ကြောင့် အ​သက်​ဆုံး​ကြ​ရ​လိမ့်​မည်။ သူ​တော်​ကောင်း​ကို​မုန်း​သော​သူ​တို့​သည် အ​ပြစ်​ဒဏ်​သင့်​ကြ​လိမ့်​မည်။

ငါ​သည်​ဗေ​ဒင်​ဆ​ရာ​တို့​ကို​အ​ရူး​ဖြစ်​စေ​၍ နက္ခတ်​ဆ​ရာ​တို့​၏​ဟော​ကြား​ချက်​များ​ကို ပျက်​ပြား​စေ​၏။ ပ​ညာ​ရှိ​တို့​၏​စ​ကား​များ​ကို​ချေ​ပ​၍​သူ​တို့ ပ​ညာ​ရှိ​မှု​သည်​မိုက်​မဲ​မှု​ဖြစ်​နေ​ပုံ​ကို​ပြ​သ ပေး​၏။

သူ​တို့​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​တု​ဖြစ်​၍ သူ​တို့​ကြို​တင်​ဟော​ကြား​ချက် များ​သည်​လည်း​မု​သား​စ​ကား​များ​ဖြစ်​၏။ ထာ​ဝရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ​သော်​လည်း ထို​ဗျာ​ဒိတ်​ကို​ငါ​မ​ပေး ခဲ့။ သို့​ပါ​လျက်​သူ​တို့​သည်​ဟော​ကြား​သည့် အ​တိုင်း​ဖြစ်​ပျက်​လိမ့်​မည်​ဟု​စောင့်​စား​ကြ ပါ​သည်​တ​ကား။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ