၃ ရာ 22:36Common Language Bibleနေဝင်ချိန်နီးသောအခါ``လူတိုင်းကိုယ့်ပြည်၊ ကိုယ့်မြို့ရွာများသို့ပြန်ကြကုန်အံ့'' ဟူသော ဟစ်သံသည်ဣသရေလတပ်တစ်တပ်လုံး သို့ရောက်ရှိလာလေသည်။ အခန်းကိုကြည့်ပါ။ |
မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
``သင်တို့သည်သင်တို့၏ညီအစ်ကိုများဖြစ် ကြသောဣသရေလပြည်သူတို့ကိုမတိုက် မခိုက်ကြနှင့်။ ယခုဖြစ်ပျက်ခဲ့သောအမှု သည်ငါ၏အလိုတော်အတိုင်းဖြစ်သဖြင့် သင်တို့အားလုံးမိမိတို့နေရပ်သို့ပြန်ကြ လော့'' ဟုထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုစေတော်မူ၏။ သူတို့အားလုံးသည် လည်းထာဝရဘုရား၏အမိန့်တော်ကို နာခံလျက်မိမိတို့နေရပ်သို့ပြန်သွား ကြ၏။
ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့ သည်သိုးထိန်းမဲ့သည့်သိုးများကဲ့သို့ တောင် ကုန်းများပေါ်တွင်ကွဲလွင့်လျက်နေသည်ကို ငါမြင်၏။ ထာဝရဘုရားက`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့ဧချမ်းစွာပြန်ခွင့်ပြုကြလော့' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆိုလေ၏။