ထို့ကြောင့်သူတို့သည်ယောရှဖတ်မင်းကိုမြင်သော အခါ ဣသရေလဘုရင်ဟုထင်မှတ်ကာပြန်လှည့် ၍တိုက်ခိုက်ကြ၏။ သို့ရာတွင်ယောရှဖတ်ဟစ်အော် လိုက်သောအခါ၊-
ရှရိဘုရင်သည် မိမိ၏ရထားတပ်မှူးသုံးဆယ့် နှစ်ယောက်တို့အား ဣသရေလဘုရင်မှတစ်ပါး အခြားမည်သူကိုမျှမတိုက်ခိုက်ရန်အမိန့်ပေး ထားလေသည်။-
သူတို့သည်ဣသရေလဘုရင်မဟုတ်မှန်းသိရ၍ လွှဲရှောင်ကြ၏။-
ထိုကြောင့်သူတို့သည်ယောရှဖတ်မင်းကိုမြင် သောအခါ ဣသရေလဘုရင်ဟုထင်မှတ်ကာ ပြန်လှည့်၍တိုက်ခိုက်ကြ၏။ သို့ရာတွင်ယောရှ ဖတ်ဟစ်အော်လိုက်သောအခါဘုရားသခင် ထာဝရဘုရားသည်သူ့ကိုကယ်ဆယ်၍ ရန်သူ တို့သည်အခြားတစ်ဖက်သို့လှည့်၍တိုက်ခိုက် ကြ၏။-
ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သူတို့သည်ငါ့ကိုခေါ်သောအခါငါထူးမည်။ သူတို့ဒုက္ခရောက်သောအခါသူတို့နှင့်အတူ ငါရှိမည်။ ငါသည်သူတို့အားကယ်ဆယ်၍ချီးမြှင့်မည်။
အီဂျစ်ဘုရင်၏စစ်တပ်ချီတက်လာသည်ကို ဣသရေလအမျိုးသားတို့မြင်ရသောအခါ အလွန်ကြောက်ရွံ့၍ထာဝရဘုရားအား ကယ်မတော်မူရန်အော်ဟစ်တောင်းပန်ကြ၏။-
ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။