Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 22:31

Common Language Bible

ရှ​ရိ​ဘု​ရင်​သည် မိ​မိ​၏​ရ​ထား​တပ်​မှူး​သုံး​ဆယ့် နှစ်​ယောက်​တို့​အား ဣ​သ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး အ​ခြား​မည်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​အ​ပြင်​ဘက်​၌​ရှိ​သော​သူ​အား​လုံး​တို့​ကို​မျက်​စိ​ကွယ်​စေ​ရန်​ဒဏ်​ခတ်​သ​ဖြင့် သူ​တို့​သည်​တံ​ခါး​ပေါက်​ကို​ရှာ​၍​မ​တွေ့​နိုင်​ကြ။

မော​ပန်း​စိတ်​ပျက်​နေ​ချိန်​၌​သူ့​အား​အ​ကျွန်ုပ် ဝင်​ရောက်​တိုက်​ခိုက်​ပါ​မည်။ ထို​အ​ခါ​သူ​သည် ကြောက်​လန့်​သွား​မည်​ဖြစ်​၍ သူ​၏​လူ​တို့​သည် လည်း​ထွက်​ပြေး​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် ဘု​ရင်​တစ်​ပါး​တည်း​ကို​သာ​သတ်​ပြီး​လျှင်၊-

ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မိ​မိ​၏​စစ်​သည်​တော် အ​ပေါင်း​ကို​စု​ရုံး​စေ​ပြီး​လျှင် အ​ခြား​မင်း သုံး​ကျိပ်​နှစ်​ပါး​ခြံ​ရံ​လျက်​သူ​တို့​၏​မြင်း တပ်၊ ရ​ထား​တပ်​များ​နှင့်​အ​တူ​ချီ​တက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​တော်​မူ​၏။-

မွန်း​တည့်​ချိန်​၌​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​သုံး​ကျိပ် နှစ်​ပါး​တို့​သည် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​သေ ရည်​သေ​ရက်​သောက်​စား​မူး​ယစ်​နေ​ကြ​စဉ်၊-

ယ​ခု​သုံး​ကျိပ်​နှစ်​ပါး​သော​မင်း​တို့​အား​မိ​မိ တို့​တပ်​များ​ကို​မ​အုပ်​ချုပ်​စေ​တော့​ဘဲ သူ​တို့ ၏​နေ​ရာ​တွင်​စစ်​ဗိုလ်​မှူး​များ​ကို​အ​စား​ထိုး ၍​ခန့်​ထား​တော်​မူ​ပါ။-

ထို့​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင်​သော အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ​ပြန်​လှည့် ၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ​ဖတ်​ဟစ်​အော် လိုက်​သော​အ​ခါ၊-

ရှု​ရိ​ဘု​ရင်​သည်​မိ​မိ​၏​ရ​ထား​တပ်​မှူး​တို့ အား​ဣသ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။-

ဆင်း​ရဲ​ချမ်း​သာ​မရွေး​ပြည်​သူ​တို့​သည်​သေ ကြ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​သူ တို့​အား​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့ အ​တွက်​လည်း​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်​မ​ဟုတ်။ ဝမ်း​နည်း​မှု​ကို​ပြ​သည့်​အ​နေ နှင့်​မည်​သူ​မျှ​မိ​မိ​ကိုယ်​ကို​အ​နာ​တ​ရ ဖြစ်​စေ​ခြင်း၊ ခေါင်း​ရိတ်​ခြင်း​ပြု​ကြ​မည် မ​ဟုတ်။-

အ​မျိုး​သ​မီး​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ခေါ်​ဆောင်​သွား​ကြ​၏။ သို့​ရာ​တွင်​မည် သူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​သတ်​ခဲ့​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ