Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 20:12

Common Language Bible

ဗင်္ဟာ​ဒဒ်​သည်​မိ​မိ​၏​မ​ဟာ​မိတ်​မင်း​များ​နှင့် အ​တူ သူ​တို့​၏​တဲ​ရှင်​များ​တွင်​သေ​ရည်​သေ ရက်​သောက်​လျက် နေ​စဉ်​အာ​ဟပ်​၏​ပြန်​ကြား ချက်​ကို​ကြား​သိ​ရ​လေ​သည်။ ထို​အ​ခါ​သူ သည်​မိ​မိ​၏​စစ်​သည်​တော်​များ​အား ရှ​မာ​ရိ မြို့​ကို​တိုက်​ခိုက်​ရန်​အမိန့်​ပေး​သ​ဖြင့်​သူ​တို့ သည်​နေ​ရာ​ယူ​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့် စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​ပြီး​နောက် မိ​မိ​၏​အ​စေ ခံ​တို့​အား``အာ​မ​နုန်​သည်​စ​ပျစ်​ရည်​အ​လွန် အ​ကြူး​သောက်​မိ​သော​အ​ခါ ငါ​အ​မိန့်​ပေး လိုက်​မည်။ ထို​အ​ခါ​သင်​တို့​သူ့​အား​လုပ်​ကြံ ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ ငါ​ကိုယ်​တိုင်​တာ ဝန်​ယူ​မည်။ ရဲ​ရင့်​စွာ​ပြု​ကြ​လော့။ လက်​မ​ရွံ့ စေ​ကြ​နှင့်'' ဟု​မှာ​ကြား​၍​ထား​၏။-

ဘု​ရင့်​ရ​ထား​တပ်​ခွဲ​မှူး​ဇိ​မ​ရိ​ဆို​သူ​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ တစ်​နေ့​သ​၌​မင်း​ကြီး​သည်​တိ​ရ​ဇ​မြို့​ရှိ​နန်း တော်​အုပ်​အာ​ဇ​၏​အိမ်​တွင်​သောက်​စား​မူး​ယစ် လျက်​နေ​စဉ်၊-

မွန်း​တည့်​ချိန်​၌​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​သုံး​ကျိပ် နှစ်​ပါး​တို့​သည် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​သေ ရည်​သေ​ရက်​သောက်​စား​မူး​ယစ်​နေ​ကြ​စဉ်၊-

ထို​နောက်​သူ​တို့​အား`ဣသ​ရေ​လ​အမျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ကို​ဤ​အ​ရပ်​သို့​ခေါ်​ဆောင် လာ​မည်။ ငါ​မြှုပ်​ထား​သည့်​ဤ​ကျောက်​တုံး များ​အ​ပေါ်​တွင်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည် ၍​သူ​၏​တဲ​တော်​ကို​ငါ​ဖြန့်​မည်။-

ယင်း​သို့​သောက်​လျက်​နေ​စဉ်​ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​မှ​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​ခဲ့​သည့် ရွှေ​ဖ​လား၊ ငွေ ဖ​လား​များ​ကို​ရှေ့​တော်​သို့​ဆောင်​ယူ​ခဲ့​ရန် မိန့်​တော်​မူ​၏။ မိ​မိ​နှင့်​တ​ကွ​မှူး​မတ်​များ၊ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​မိ​ဿံ​များ​စ​ပျစ် ရည်​သောက်​ရန်​ထို​ဖ​လား​များ​ကို​ယူ​ခဲ့​ရန် အ​မိန့်​ပေး​၏။-

ထို​ည​၌​ပင်​လျှင်​ဗာ​ဗု​လုန်​ပြည်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​သည်​လုပ်​ကြံ​ခြင်း​ကို​ခံ ရ​၍၊-

``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-

သင်​တို့​အား​ပျက်​စီး​စေ​မည့်​သေ​သောက်​ကြူး​ခြင်း ကို​ရှောင်​၍ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်​ရှိ​ကြ လော့။-

အ​ဘိ​ဂဲ​လ​သည်​လည်း​နာ​ဗ​လ​ထံ​သို့​ပြန် လေ​၏။ နာ​ဗ​လ​ကား​မိ​မိ​၏​အိမ်​တွင် ဘု​ရင့် ပွဲ​တော်​တ​မျှ​ခမ်း​နား​သည့်​စား​ပွဲ​ကြီး​ကို ကျင်း​ပ​လျက်​နေ​၏။ သူ​သည်​သေ​ရည်​ယစ်​မူး ကာ​ပျော်​ရွှင်​လျက်​ရှိ​သ​ဖြင့် အ​ဘိ​ဂဲ​လ သည်​သူ့​အား​နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ပြော​ဘဲ​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ