၃ ရာ 20:11Common Language Bibleအာဟပ်မင်းကလည်း``စစ်သူရဲပီသသူသည် တိုက်ပွဲပြီးမှဝါကြွားတတ်၏။ တိုက်ပွဲမပြီး မီဝါကြွားလေ့မရှိကြောင်း ဗင်္ဟာဒဒ်မင်းအား ပြန်ကြားလျှောက်ထားကြလော့'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။
ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။