၃ ရာ 2:45Common Language Bibleငါ့ကိုမူကားကောင်းချီးပေး၍ဒါဝိဒ်၏ နိုင်ငံတော်ကိုထာဝစဉ်တည်တံ့ခိုင်မြဲစေ တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ငါ့အားခမည်းတော် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် တည်မြဲစွာတည် ၍ထားတော်မူလေပြီ။ ကိုယ်တော်သည်မိမိ ၏ကတိတော်ရှိသည့်အတိုင်း ငါနှင့်ငါ၏ သားမြေးတို့အားနိုင်ငံတော်ကိုပေးတော် မူလေပြီ။ အဒေါနိယသည်ယနေ့ပင်လျှင် သေရမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏'' ဟုအလေးအနက်အဋ္ဌိ ဋ္ဌာန်ပြုတော်မူ၏။
ကျွန်တော်မျိုး၏သားမြေးတို့သည်ကိုယ်တော် ရှင်၏ရှေ့တော်၌ဆက်လက်၍မျက်နှာရကြ စေရန် သူတို့အားကောင်းချီးပေးတော်မူပါ ဟုပန်ကြားလျှောက်ထားပါ၏။ အို ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်သူတို့အားကောင်း ချီးပေးတော်မူပါပြီ။ သူတို့သည်ကိုယ်တော် ရှင်၏ကောင်းချီးမင်္ဂလာကိုအစဉ်အမြဲ ခံစားရကြပါစေသော'' ဟုဆုတောင်း သတည်း။