Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 2:44

Common Language Bible

သင်​သည်​ခ​မည်း​တော်​အား​ပြစ်​မှား​ခဲ့​သည့် အ​မှု​အ​ပေါင်း​ကို​ကောင်း​စွာ​သိ​ပေ​သည်။ ထို အ​မှု​များ​အ​တွက်​သင့်​အား​ထာ​ဝ​ရ​ဘု​ရား သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ပါ​လျက်​အ​ဘယ်​ကြောင့်​မိ​မိ​၏​က​တိ ကို​ဖျက်​၍ ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန်​ပါ သ​နည်း။-

အာ​ခ​ဇိ​မင်း​၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​၏​သား​တော်​အ​သတ်​ခံ​ရ​ကြောင်း သ​တင်း​ရ​သည်​နှင့်​တစ်​ပြိုင်​နက် မင်း​ဆွေ မင်း​မျိုး​ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​ပစ်​ရန် အ​မိန့်​ပေး​လေ​သည်။-

ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ​သ​ရ​ဖူ​ကို​ဆောင်း​စေ​ပြီး လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​၏။ ထို့​နောက်​သူ့​အား​ဘိ​သိက်​ပေး​၍ ဘု​ရင် ဖြစ်​ကြောင်း​ကြေ​ညာ​လေ​သည်။ လူ​တို့​သည် လည်း​လက်​ခုပ်​တီး​လျက်``မင်း​ကြီး​သက် တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​ကုန်​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ဆိုး​ရွား​သည့် သ​တင်း​ကို​လွှင့်​သူ​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့ အား ဤ​နည်း​အ​တိုင်း​အ​ပြစ်​ပေး​တော်​မူ​ပါ။

သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​မ​ကောင်း​မှု​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​၏။ မိ​မိ​တို့​ပြု​သည့်​အ​ကြမ်း​ဖက်​မှု​ကြောင့်​ဒဏ်​ရာ​ရ​ကြ​၏။

အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​၏။ သူ​သည်​ငါ​ကျိန် ဆို​သည့်​သစ္စာ​ကို​မ​လေး​စား​ဘဲ ပ​ဋိ​ညာဉ် စာ​ချုပ်​ကို​ချိုး​ဖောက်​သည့်​အ​တွက်​သူ့​ခေါင်း ပေါ်​သို့​ငါ​ဒဏ်​ခတ်​မည်။-

သင်​တို့​သည်​ပြည်​သား​များ​နည်း​တူ​အ​ပြစ် ဒဏ်​ခံ​ရ​မည်။ ငါ​သည်​သင်​တို့​ကို​ဒဏ်​ခတ် မည်။ သင်​တို့​၏​ဒု​စ​ရိုက်​အ​ကျိုး​ဆက်​ကို ခံ​စေ​မည်။-

ထို​သူ​တို့​သည်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​သည် ကို​ကြား​ကြ​သော​အ​ခါ အ​သက်​ကြီး​သူ​များ က​အ​စ​ပြု​၍​တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက် သွား​ကြ​၏။-

ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​သည်​ထို သူ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား​ထား​လျက် ရှိ​ကြောင်း သူ​တို့​၏​အ​ပြု​အ​မူ​များ​က​ထောက် ခံ​၏။ သူ​တို့​၏​သြတ္တပ္ပ​စိတ်​က​လည်း​ထောက်​ခံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​စိတ်​နှ​လုံး သည် တစ်​ခါ​တစ်​ရံ​သူ​တို့​ကို​ပြစ်​တင်​၍ တစ်​ခါ တစ်​ရံ​လည်း​သူ​တို့​ကို​ထောက်​ခံ​သော​ကြောင့် ဖြစ်​၏။-

မိ​မိ​တို့​သြတ္တပ္ပ​စိတ်​၏​ပြစ်တင်​ရှုတ်​ချ​မှု​ကို ခံ​ရ​သော​အ​ခါ​၌​လည်း ဘု​ရား​သ​ခင်​သည် ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထက်​ကြီး​မြတ်​တော်​မူ ကြောင်း၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း ကို​သိ​တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

ဒါ​ဝိဒ်​သည် နာ​ဗ​လ​ကွယ်​လွန်​ကြောင်း​ကြား သိ​ရ​သော​အ​ခါ``ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော် သည်​နာ​ဗ​လ​ငါ့​ကို​စော်​ကား​သည့်​အ​တွက် လက်​စား​ချေ​တော်​မူ​၍​ကိုယ်​တော်​၏​အ​စေ​ခံ ငါ့​ကို​လည်း​မိုက်​မှား​မှု​မ​ပြု​ရန်​ဆီး​တား တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​နာ​ဗ​လ ပြု​သည့်​ဒု​စ​ရိုက်​အ​တွက် သူ့​ကို​ဒဏ်​ခတ် တော်​မူ​လေ​ပြီ'' ဟု​မြွက်​ဆို​၏။ ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ဂဲ​လ​အား မိ​မိ နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ရန်​လူ​လွှတ်​၍​စ​ကား ကမ်း​လှမ်း​လိုက်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ