Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 2:25

Common Language Bible

ထို့​ကြောင့်​ရှော​လ​မုန်​မင်း​အ​မိန့်​ပေး​တော်​မူ သ​ဖြင့် ဗေ​နာ​ယ​သည်​သွား​၍​အ​ဒေါ​နိ​ယ အား​ကွပ်​မျက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငယ်​သား​သည်​အာ​မ​လက်​အ​မျိုး​သား​ကို ခုတ်​သတ်​လေ​၏။-

သင်​သည်​ငါ့​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ ဥ​ရိ​ယ​၏​ဇ​နီး​ကို​သိမ်း​ယူ​သော​ကြောင့် သင်​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​သေ​ခြင်း ဆိုး​ဖြင့်​သေ​ရ​သူ​များ​ရှိ​လိမ့်​မည်။-

ဒါ​ဝိဒ်​အ​မိန့်​ပေး​သ​ဖြင့်​စစ်​သည်​တော်​တို့ သည်​ရေ​ခပ်​နှင့်​ဗာ​နာ​တို့​အား​သတ်​ပြီး​လျှင် သူ​တို့​၏​ခြေ​လက်​တို့​ကို​ဖြတ်​၍​ဟေ​ဗြုန် ရေ​ကန်​အ​နီး​တွင်​ဆွဲ​ထား​ကြ​၏။ ဣ​ရှ ဗော​ရှက်​၏​ဦး​ခေါင်း​ကို​မူ​ဟေ​ဗြုန်​မြို့​ရှိ အာ​ဗ​နာ​၏​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။

ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​မှာ​ခေ​ရ​သိ​နှင့် ပေ​လ​သိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော ကိုယ်​ရံ​တော်​အ​စောင့်​တပ်​သား​တို့​ကို​အုပ် ချုပ်​ရ​သူ​ဖြစ်​၏။ ဒါ​ဝိဒ်​၏​သား​တော်​များ ကား​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သ​တည်း။

သူ​သည်​အ​ဒေါ​နိ​ယ​စံ​တော်​မူ​ရာ​တဲ​တော် သို့​ထွက်​ပြေး​ပြီး​လျှင် ယဇ်​ပလ္လင်​အ​နီး​တွင် ရပ်​လျက်​နေ​ကြောင်း​သ​တင်း​ရ​ရှိ​သော​အ​ခါ ရှော​လ​မုန်​မင်း​သည်​ယွာ​ဘ​အား​အ​ဘယ် ကြောင့်​ယဇ်​ပလ္လင်​သို့​ထွက်​ပြေး​ရ​သည်​ကို​လူ လွှတ်​၍​မေး​တော်​မူ​၏။ ထို​အ​ခါ​ယွာ​ဘ​က မိ​မိ​သည်​ရှော​လ​မုန်​ကို​ကြောက်​သ​ဖြင့် ထာ ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထွက်​ပြေး​ရ​ခြင်း ဖြစ်​ကြောင်း​ပြန်​ကြား​လျှောက်​ထား​လေ​သည်။ ထို့​ကြောင့်​ရှော​လ​မုန်​မင်း​သည်​ဗေ​နာ​ယ ကို​စေ​လွှတ်​၍​ယွာ​ဘ​အား​ကွပ်​မျက်​စေ တော်​မူ​၏။-

ရှော​လ​မုန်​မင်း​က​လည်း``ယွာ​ဘ​ပြော​သည် အ​တိုင်း​ပြု​လော့။ သူ့​ကို​ကွပ်​မျက်​၍​သင်္ဂြိုဟ် လိုက်​လော့။ ထို​အ​ခါ​အ​ပြစ်​မဲ့​သူ​များ​အား ယွာ​ဘ​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက် ငါ ၌​သော်​လည်း​ကောင်း၊ ဒါ​ဝိဒ်​၏​အ​ခြား​သား မြေး​များ​၌​သော်​လည်း​ကောင်း​တာ​ဝန်​ရှိ တော်​မူ​မည်​မ​ဟုတ်။-

ထို့​ကြောင့်​ဗေ​နာ​ယ​သည်​ထာ​ဝရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား​၍​ယွာ​ဘ အား​သတ်​ပြီး​လျှင် ကျေး​လက်​ရှိ​သူ​၏ နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက်​လေ​သည်။-

ထို​နောက်​ဗေ​နာ​ယ​သည် မင်း​ကြီး​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း အ​ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​ကွပ်​မျက်​လေ​၏။ ရှော​လ​မုန်​မင်း​သည် ယ​ခု​အ​ခါ​၌​မိ​မိ​၏​နိုင်​ငံ​တော်​ကို​ပိုင်​နိုင် စွာ​အုပ်​စိုး​တော်​မူ​ရ​၏။

သူ​တို့​သည်​ရှံဆုန်​အား``ငါ​တို့​လာ​ရောက်​ကြ ခြင်း​မှာ​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက် သို့​အပ်​နှံ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း``သင်​တို့​ကိုယ်​တိုင်​ငါ့​အား မသတ်​ပါ​ဟု​က​တိ​ပြု​ပါ​လော့'' ဟု​ဆို​၏။

ထို​အ​ခါ​ရှ​မွေ​လ​က``သင်​၏​ဋ္ဌား​ဖြင့်​မိ​ခင် အ​များ​ပင် မိ​မိ​တို့​၏​သား​များ​ကို​ဆုံး​ရှုံး​ခဲ့​ရ ကြ​၏။ သို့​ဖြစ်​၍​ယ​ခု​သင့်​မိ​ခင်​သည်​လည်း​သူ ၏​သား​ဆုံး​ရှုံး​ရ​ပေ​တော့​အံ့'' ဟု​ဆို​ကာ​အာ ဂတ်​အား​ဂိ​လ​ဂါ​လ​မြို့​ယဇ်​ပလ္လင်​ရှေ့​တွင်​အ ပိုင်း​ပိုင်း​ခုတ်​ဖြတ်​လိုက်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ