၃ ရာ 2:24Common Language Bibleထာဝရဘုရားသည်ငါ့အားခမည်းတော် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် တည်မြဲစွာတည် ၍ထားတော်မူလေပြီ။ ကိုယ်တော်သည်မိမိ ၏ကတိတော်ရှိသည့်အတိုင်း ငါနှင့်ငါ၏ သားမြေးတို့အားနိုင်ငံတော်ကိုပေးတော် မူလေပြီ။ အဒေါနိယသည်ယနေ့ပင်လျှင် သေရမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏'' ဟုအလေးအနက်အဋ္ဌိ ဋ္ဌာန်ပြုတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော့် ကျွန်အားဤအမှုအရာများကိုဖော်ပြ၍ ကိုယ်တော့်ကျွန်၏သားမြေးများကိုမင်း မြှောက်တော်မူမည်ဖြစ်ကြောင်းမိန့်တော်မူ သောကြောင့် ကိုယ်တော့်ကျွန်သည်ဤဆုတောင်း ပတ္ထနာကိုအထံတော်သို့တင်လျှောက်ဝံ့ ပါ၏။''
အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
သို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။-